Part_55

7.2K 856 41
                                    

Uni

“သခင်လေး သခင်မကြီးခေါ်ထားပါတယ်။”

“ဘာ?”

ဒီနေ့ပိတ်ရက်မို့နားမယ်ဆိုသည့်စိတ်ကူးလေးသည် ခုနကစကားကြောင့်အကုန်ပျက်စီးသွားလေသည်။ သူမှတ်ဉာဏ်ထဲမှာတွေ့ရသလောက်ကတော့ သူ့အမေက သူ့ကိုချူGpရဲ့အာဏာအကုန်ဆက်ခံစေချင်တာဖြစ်သည်။ ဒါပေမဲ့ မူရင်းခန္တာကိုယ်ကတော့ လုံးဝစိတ်မဝင်စား ဆိုသည့်အကြောင်းပြချက်ဖြင့်ဖယ်ထွက်နေခဲ့သည်။ သူ့စိတ်ကူးကလည်း မူလကိုယ်နှင့်ထပ်တူညီသည်။ စီးပွားရေးဆိုသည့်နောက်ကကပ်ပါလာသည့် ညစ်ပတ်မှုတွေ၊ လှည့်ဖြားမှုတွေက သူ့စိတ်နဲ့လုံးဝမကိုက်တာကြောင့် ငြင်းဖို့ကိုပဲ သူရွေးချယ်ထားသည်။ လုပ်ငန်းကသေးရင်တော်သေးသည်။ အခုကဒီလောက်ကြီးကျယ်တဲ့လုပ်ငန်းကြီးမှာ တစ်ခုခုတော့ နောက်ကွယ်မှာရှိမနေဘူးလို့ အာမ မခံနိုင်ဘူးလေ။ မည်သို့ပင်ဖြစ်စေ သွားတော့တွေ့ရမှာမို့ အဒေါ်ကြီးအိင်္ကျီလဲပေးတာကို အသာအသင့်ခံနေလိုက်သည်။

“သခင်လေးချူ၊ သခင်လေးချူ အောက်မှာ သခင်လေးပစ္စည်းရောက်နေပါတယ်။”

အိမ်တော်ထိန်းကြီးက အခန်းရှေ့ကနေအသံပေးတာကြောင့် သူအမြန်ပဲထွက်လာလိုက်သည်။ စဉ်းစားလို့တော့မရပါ။ ဘာပစ္စည်းမှလဲမမှာထားပဲနဲ့ ဘာဖြစ်လို့လာပို့ရတာလဲ။ အမေကပို့ခိုင်းတာများလား။ အဲဒီလိုဆိုရင်တောင် ပစ္စည်းကိုအိမ်တော်ထိန်းကြီးသယ်လာပေးသင့်တာပေါ့။ တကယ်ပဲဘာလို့များလဲ။

သူအိမ်ရှေ့အရောက်မှာတော့ ကုမ္မဏီတစ်ခုက ဝန်ထမ်းဝတ်စုံတွေနှင့်လူနှစ်ယောက်သည် သော့တစ်ခုကိုကိုင်၍ ရို့ကျိုးစွာမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

“ဘာကိစ္စများလဲမသိဘူး။ ကျွန်တော်က ချူအင်းထယ်ပါ”

“အာ......မင်္ဂလာပါသူဌေးလေးဗျ။ ကျွန်တော်တို့ သူဌေးလေးရဲ့ကားကိုလာပို့ပေးတာပါဗျ။ လက်ခံကြောင်းလက်မှတ်လေးထိုးပေးပါဦး‌နော်။”

“ခဏ.......ခဏနေပါဦး။ ကျွန်တော်မမှာထားပါဘူး။”

“သိပါတယ်ဗျ။ သူဌေးလေးရဲ့အသိကမှာပေးတာပါ။ ငွေရောရှင်းပြီးသားပါဗျ။ ပြီးတော့ ဘယ်သူပို့လဲလို့မေးလာရင် ဒါလေးပေးလိုက်ပါလို့ မှာသွားပါတယ်ဗျ။”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now