Part_50

5.9K 805 15
                                    

Uni

သင်က စာအုပ်အပါးတစ်ခုကိုဆွဲယူ၍ ထိုင်လိုက်သည်။ သူ့ချစ်သူဝယ်ပေးသွားခဲ့သော စပျစ်သီးတွေသည် ပန်းကန်နှင့်အပြည့်ထည့်ထားပြီးသားဖြစ်၍ တစ်လုံးကိုဆွဲဖြုတ်ကာ စာအုပ်ကို ဖွင့်ကြည့်ရင်း ဝါးလိုက်သည်။ ထိုင်ခုံနောက်မှီပေါ်သို့ သက်သက်သာသာမှီလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရကာ ကျောကိုပြန်မတ်သည်။

“ရက်ချ်”

“ဘာလဲ”

“မင်း ကိုထွန်းကြွယ်ဆိုတဲ့လူကို မယားနှစ်ယောက်ပြိုင်ယူပြီး သိက္ခာအကျခံမဲ့လူစားမျိုးလို့ထင်သလား။”

“ဟင်...........မဖြစ်နိုင်လောက်ဘူးနော်။ သူကလေ စကားဆယ်ခွန်းပြောရင် ငါးခွန်းလောက်မှာ ဂုဏ်သိက္ခာဆိုတာကြီး ထည့်ထည့်ပြောနေကျဟာပဲကို။”
“ငါလဲအဲ့လိုပဲတွေးတယ်။ ဒီတော့ ငါစိုးရိမ်တာက............”

သင်ကဘာမှဆက်မပြောတော့ဘဲ ဆတ်ခနဲထကာ ငွေအနဲငယ်ယူ၍ အိမ်မှထွက်ခဲ့သည်။ ဇီးကွက်လေးသည်လည်း အခြေအနေကို နားလည်ပြီးဖြစ်တာကြောင့် အထူးအထွေပြောမနေတော့ပဲ သင့်နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။ မြို့၏လမ်းမသည် ရှုပ်ထွေးလျှက်ရှိသည်။ ဒီလိုမျိုးတစ်ယောက်တည်းအပြင်မထွက်ဖူးတာကြောင့် နဲနဲတော့ ကြောက်သလိုခံစားရသည်။ ဒါပေမဲ့ အသက်ကယ်ရမည့်ကိစ္စမို့ သူကြောက်နေ၍မဖြစ်။

“သုံးဘီးဆရာရေ”

လမ်းဘေးမှနေ၍ လက်ပြတားလိုက်တော့ သုံးဘီးဆရာက ကမန်းကတန်းရပ်ပေးသည်။ သွားလိုသည့်နေရာကိုပြောကာ သုံးဘီးခကိုတစ်ခါတည်း ရေတွက်ပြီးပေးထားလိုက်သည်။ မဟုတ်လျှင် သူပျာယာခတ်နေပုံဖြင့် မေ့သွားမှခက်ချေမည်။

“မြန်မြန်သာမောင်းပေးစမ်းပါဗျာ။ အရေးကြီးတယ်ဗျ”

“ဟာဗျာ အစ်ကိုလေးကလည်း ရောက်မှာပါဗျ။ သိပ်မလောပါနဲ့။ စီးကရက်သောက်ဦးမလား။”

“ရတယ်ဗျ။ ကျွန်တော် မသောက်တတ်ဘူး။”

“ဪ.......ဟုတ်ကဲ့ပါခင်ဗျာ။ ရပါတယ်ရပါတယ်။”

စိတ်ကလောနေ၍လားမသိ။ ဒီနားနဲ့ဟိုနားကိုတောင် တော်တော်ကြာနေသည်ဟု တွေးနေမိသည်။ ကိုထွန်းကြွယ်အိမ်ရှေ့ရောက်သည်နှင့် သုံးဘီးရပ်အောင်ပင်မစောင့်တော့ဘဲ ခြံတံခါးဝဆီပြေးလိုက်သည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now