Part-68

6.1K 794 31
                                    

Uni

“ရက်နည်းနည်းနေရင်ပတ်တီးဖြည်လို့ရပါပြီ။ အဲဒီထိပဲဒုက္ခခံလိုက်ပါဦး။ အားလုံးအဆင်ပြေသွားမှာပါ။”

“ခွဲစိတ်မှုက အကုန်လုံးအဆင်ပြေတယ်မို့လား ဒေါက်တာ။”

“ဟုတ်ကဲ့။ အဲ့လိုပါပဲ။ မြင်မမြင်ကတော့ ပတ်တီးဖြည်ပြီးမှပဲသိရမှာပါ။ မြင်ဖို့ကများပေမဲ့ အပိုင်ကြီးတော့တွက်မထားပါနဲ့။”

“အာ......အဲ့လို့လား။”

မစ္စဂျာက တုန်လှုပ်သွားသည့်မျက်နှာအမူအရာဖြစ်သွားကာ သူမရှေ့ရှိ သတိလစ်နေသေးသော သားဖြစ်သူကိုကြည့်လိုက်သည်။ သက်ပြင်းချသံနှင့်အတူ စကားလုံးတစ်ချို့ကကပ်ပါလာသည်။

“သား ပြန်မြင်ရမှာပါ။”

.......................................................................................................................................................................................................................

“တကယ်လား။ ဆုံးဖြတ်ချက်ချပြီးပြီလား။”

ဂျွန်ဝူး၏အမေးကို အင်းထယ်က အသေအချာခေါင်းညိမ့်သည်။

“ကျွန်တော်ခင်ဗျားရဲ့အတွင်းရေးမှူးပဲလုပ်တော့မယ်။ ဒါမှပိုအဆင်ပြေမှာ။”

“မဟုတ်သေးပါဘူး။ ကိုယ်က မင်းကိုမင်းဝါသနာပါရာတစ်ခုခုလုပ်စေချင်ခဲ့တာ။”

“ကျွန်တော့်ဝါသနာမှာ စီးပွားရေးလည်းပါတယ်လေ။”

“ဟုတ်လား။ ကိုယ်သိရသလောက်တော့ မင်းကစီးပွားရေးကို ဝါသနာမပါဘူးလို့သိထားတာ။”

အင်းထယ်ကလှို့ဝှက်စွာပြုံးလိုက်သည်။ စီးပွားရေးဝါသနာမပါတာ မူလလူလေ။ သူမှမဟုတ်တာ။ သူကတော့ အောင်မြင်တဲ့သရုပ်ဆောင်လုပ်ရင်းနဲ့ကို ထုတ်ကုန်တွေအများကြီးကို ဦးစီးခဲ့တဲ့လူပဲလေ။ ဝါသနာမပါ၊ မကျွမ်းကျင်ဘဲ အဲဒီထုတ်ကုန်တွေဟာ အရမ်းကျော်ကြားခဲ့ပါ့မလား။

“ခင်ဗျားက ကျွန်တော်ကိုယ်တိုင်ထက် ဘယ်သူပြောတာကိုပိုပြီးယုံလဲ။”

“သေချာပေါက်မင်းပြောတာကိုပဲ ကိုယ်ယုံပါတယ်ကွာ။ ချစ်လိုက်တာ။”

ဂျွန်ဝူးက အင်းထယ်၏ခန္တာကိုယ်လေးကို သူ့ရင်ခွင်ကျယ်ကြီးထဲဆွဲသွင်းလိုက်သည်။ တကယ်ဖြစ်လာမဲ့ စိတ်ကူးယဥ်မှုတစ်ချို့ကြောင့် သူ့မျက်နှာပြုံးဖြီးနေသည်ကို ရင်ခွင်ထဲကကောင်လေးတော့ မသိနိုင်လောက်ပါ။ ရုံးခန်းထဲက စားပွဲပေါ်မှာသာ တစ်ခုခုလုပ်ဖို့အခွင့်အရေးရခဲ့ရင်........။ ဂျွန်ဝူးမျက်နှာက ပိုပိုပြီးပြုံးလာသည်။ အပင်နောက်တွေမှာကွယ်၍ ခေါင်းဆောင်နှစ်ယောက်ကို စောင့်ရှောက်ပေးနေသည့် အနက်ရောင်ဝတ်လူတွေက မှန်ဘီလူးတစ်ခုကို တစ်ယောက်တစ်လှည့် ကမ်းပေးကာ မြင်ကွင်းကို အသေအချာကြည့်ရှုပြီး‌ ခေါင်းရမ်းလိုက်သည်။

“မင်းတို့မြင်လိုက်လား။ မဖြစ်နိုင်စရာကြီးနော်။”

“အေးကွာ။ ခေါင်း‌ဆောင်အနားမှာငါတို့နေလာတာ ခေါင်းဆောင်ရဲ့အသက်တမျှပဲ။ ငါးကြော်စားရတော့မဲ့ ကြောင်လိုမျိုးပြုံးဖြီးနေတာ ငါတွေ့ဖူးတာနှစ်ခါပဲရှိသေးတယ်။ လက်ထပ်ပွဲပြီးခါနီးရယ်။ အခုရယ်ပဲ။”

“မင်းတို့ဘယ်လိုထင်လဲ။ ခေါင်းဆောင်က ကြင်ရာကို ဒီနေရာမှာစားလောက်လား။”

“မဖြစ်နိုင်ဘူးကွ။ ကိုယ့်ခြံထဲပေမဲ့ ခေါင်းဆောင်က ငါတို့ရှိနေတာကို သိနေတာပဲဟာ။ သူကသူ့ကြင်ရာရဲ့မမြင်အပ်တဲ့နေရာတွေကို တစ်လက်မမှ သူများတွေမြင်တာမကြိုက်ဘူးတဲ့။”

“အေးလေ။ ထားတော့ ငါတို့အရမ်းအတင်းတုပ်နေမိသလိုပဲ။”

“အေး။ဟုတ်တယ်။ ခေါင်းဆောင်ပြုံးတာမြင်ပြီး ငါတို့လည်း ဦးဏှောက်အဆံချောင်သွားတယ်။”

“ကဲကဲ စကားများတာရပ်ပြီး ကိုယ့်နေရာကိုယ်ပြန်ခွဲကြ။”

“ဟုတ်”

ခပ်တိုးတိုး ပွစိပွစိလေသံတွေက ပြန်လည်တိတ်ဆိတ်သွားကာ သစ်ရွက်လှုပ်သံလေးတွေကိုသာ ကြားနေရတော့သည်။
ဂျွန်ဝူးက နားပါးသူဖြစ်သည့်အလျောက် သူ့တပည့်တွေလေသံကိုကြားခဲ့ပေမဲ့ သူတို့၏တည်ရှိမှုကို ထုတ်ဖော်ဖို့ဆန္ဒမရှိတာကြောင့် မသိချင်ယောင်သာ ဆောင်နေလိုက်သည်။

“ကိုယ်တို့ဘယ်တော့ ကိုယ့်စံအိမ်ကိုပြန်နိုင်မှာလဲ။ အမေ့အိမ်သွားလိုက် အဖေ့အိမ်သွားလိုက်နဲ့။”

“ကျွန်တော့်မိထွေးလာမှပြန်ကြမယ်။ အဖေ့ကိုတစ်ယောက်တည်းထားလို့မဖြစ်ဘူး။ အရေးကြီးအလုပ်မရှိတာသေချာလား။”

“မရှိပါဘူး။ သေချာပေါက်မရှိဘူး။”

ဒါပေါ့။ ဒီလိုမရှိနေဖို့ကိုလည်း သူ့အတွင်းရေးမှူးကိုစတေးပြီး ဟိုလဒကောင်ကို တာဝန်လွှဲခဲ့ရတာလေ။ ကြီးကြီးမားမားမှန်သမျှ အဲ့ကောင်ပဲစုပြုံတာဝန်ယူမှာပေါ့။ အသေးအဖွဲ့တွေအတွက်ကတော့ သူ့တပည့်တွေက စိတ်ချရပြီးသားလေ။

“ညီလေးကို ဆေးရုံသွားကြည့်ချင်သေးလား။”

“ဟင့်အင်း။ ကျွန်တော်သိတယ်။ သူပြန်ကောင်းမှာပါ။”

အင်းထယ်က နာရီကို မြှောက်ကြည့်ကာ ခွဲစိတ်တာပြီး,မပြီး တွက်ဆလိုက်သည်။ သူသိသလောက်တော့ ဒီအချိန်မှာ သူ့မိထွေးအိမ်ပြန်လမ်းပေါ်ရောက်နေလောက်ပြီ။ တစ်ခါလောက် သူ့ခင်ပွန်းရဲ့ အင်အားကိုပြကြည့်တာပေါ့။ အဲ့ပွစိပွစိပါးစပ်ကြီးက ဘယ်လိုနေမလဲဆိုတာသိချင်လိုက်တာ။

သူတွက်သည့်အချိန်က အနည်းငယ်ပင်နောက်ကျသွားသေးသည်။ မစ္စဂျာသည် သူခန့်မှန်းထားတာထက်စောစီးစွာ အိမ်သို့ပြန်ရောက်လာသည်။ အိမ်ရှေ့သို့ကားရပ်ရပ်ချင်း သူမ မျက်လုံးတွေပြူးသွားသည်။ နေပါဦး။ ဘာဖြစ်လို့ အစောင့်တွေက ဒီလောက်များနေရတာလဲ။ နိုင်ငံတော်အကြီးအကဲတစ်ယောက်‌ယောက်များ အိမ်ကိုလာနေသလားမှတ်ရသည်။ ကားအနက်တွေတန်းစီနေသလို ပေါ်ပေါ်ထင်ထင်စောင့်ရှောက်နေသည့် လူများကလည်း အစီအရီ။

အိမ်ထဲသို့ဝင်သွားတော့လည်း သူမကို ဟန့်တားခြင်းမရှိတာကလွဲ၍ ကြောက်ဖို့ကောင်းသည့်အသွင်အပြင်တွေနှင့် သက်တော်စောင့်တွေက အများကြီး။

“ပြန်ရောက်ပြီလား။ အဲတာဆို ကျွန်တော် သွားတော့မယ်။ အဖေ့ကိုသေချာဂရုစိုက်ပေးပါ။”

အင်းထယ်က မျက်လုံးတွေကျွတ်ထွက်မတတ်ပြူးနေသော မိထွေးဖြစ်သူကို ကျော်ဖြတ်ကာ ဂျွန်ဝူးလက်ကိုတွဲ၍ ကားဆီသို့အေးအေးလူလူထွက်သွားသည်။ သူတို့နှစ်ယောက်ထွက်သွားသည့်နောက်မှာတော့ သက်တော်စောင့်များစွာက ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ပုန်းရှိုးကွယ်ရှိုးဖြင့်တစ်ဖုံ အိမ်အတွင်းမှ လိုက်လံထွက်ခွာသွားတော့သည်။ မစ္စဂျာက ထိုမြင်ကွင်းကိုမြင်ပြီးစွံ့အနေသည်။ အင်းထယ်ဘေးကတစ်ယောက်က အင်းထယ်ရဲ့အမျိုးသားဆိုတာ သူမှတ်မိပါသည်။ ခုနက ပုံစံအရတော့ သာမန်စီးပွားရေးသမား ဘယ်နည်းနဲ့မှမဖြစ်နိုင်။ ဂိုဏ်းတစ်ခုခုကဖြစ်ပုံရသည်။ ဒါကြောင့်မို့ ဒီကောင်လေး သူမကို ကြုံးဝါးသွားတာမဟုတ်လား။

လန့်သွားသည့်အတွက် ရေနှစ်ခွက်လောက်ဆင့်သောက်ကာ အင်းထယ်ရဲ့အမျိုးသားအကြောင်းကို အကုန်သိရဖို့ သူမယောကျ်ားဆီသို့ အပြေးသွားတော့သည်။

“နိုးပြီလား သူဌေးလေး။”

ကြည်လင်လင်အသံ‌လေးက နားထဲဝင်လာသည်။ ဒီအသံအရ နာရာ့အသံဆိုတာသူသိပါသည်။ တစ်ခြားအသံတွေမကြားရပုံအရ သူ့အနားမှာ နာရာတစ်ယောက်တည်းရှိပုံရသည်။ အမေရော ပြန်သွားပြီလား။

“အမေရော ဘယ်မှာလဲ။”

“သူဌေးကတော်က သူဌေးလေးနိုးလာမှာကိုစောင့်နေသေးတယ်။ ဒါပေမဲ့ သူဌေးကြီးကိုလည်း စိတ်ပူနေလို့ အိမ်ခဏပြန်သွားတာပါ။ ခဏနေပြန်လာမယ်လို့ပြောတယ်။”

“မဟုတ်ပါဘူး။ အမေ အလကားသပ်သပ်စိတ်ပူနေမှာမလိုလားလို့။ ဒေါက်တာက ဘာပြောလဲ။”

“အားလုံးအဆင်ပြေပါတယ်တဲ့။”

“ကောင်းတယ်။”

“သူဌေးလေး ခေါင်းထဲမှာ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။”

“နည်းနည်းရီဝေဝေဖြစ်ပေမဲ့ အဆင်ပြေပါတယ်။”

“မေ့ဆေးအရှိန်နည်းနည်းကျန်သေးတာထင်တယ်။ ခဏနေရင်ကောင်းသွားမှာပါ။ တစ်ခြား ဘာခံစားရသေးလဲ။”

“ဟင့်အင်း။ ငါအဆင်ပြေပါတယ်။”

“စားချင်တာတစ်ခုခုရှိရင်ပြောပါ။ စားလို့ရတာဆိုရင် အားလုံးလုပ်ပေးပါ့မယ်။”

“နာရာ”

“ဟုတ်ကဲ့။”

ခုံကိုဆွဲယူလိုက်သံကြားရတာကြောင့် နာရာက သူ့ကုတင်ဘေးမှခုံပေါ်မှာရှိနေမည်ဟု ခန့်မှန်းမိသည်။

“နှလုံးခုန်နှုန်း သာမန်ထက်ပိုမြန်တဲ့လူတွေရှိလား။ မွေးကတည်းက အဲ့လိုဖြစ်နေတာမျိုး။”

“ရှင်?”

“ရှိလားလို့။”

“အာ...အဲဒါက...တစ်ခုခုကြောင့် လန့်တာ‌ကြောက်တာမှာပဲ အဲ့လိုကိစ္စမျိုးရှိပေမဲ့ မွေးကတည်းက နှလုံးခုန်သံမြန်တာမျိုးကျတော့......ကျွန်မသိရသလောက်ကတော့ မရှိပါဘူး။”

“ငါအဲ့လိုလူပဲ။ မွေးကတည်းက။”

“ဖြစ်နိုင်ပါ့မလား။”

“စမ်းကြည့်လေ။”

“နားကြပ်က ဒေါက်တာ့ဆီက သွားယူရမှာ။”

“ဒီတိုင်းနားထောင်ကြည့်လည်းရတာပဲ။ လာ”

မမြင်ရတဲ့လူက လက်ကိုလှမ်းဆွဲတော့လည်း တန်းခနဲဖြစ်သည်။ မရဲတရဲဖြစ်နေသော ကောင်မလေးက ရင်ဘတ်နားကပ်ကာ နှလုံးခုန်သံကိုနားထောင်နေသည်။ ရင်ဘတ်နဲ့ခေါင်းမထိသေးတာမို့ သိပ်မကြားရပေမဲ့ သူမရှေ့ဆက်မတိုးရဲ။ ကိုယ်ကိုပြန်မတ်ဖို့လုပ်လိုက်ပေမဲ့ ခေါင်းကိုရင်ဘတ်နှင့်ဆွဲကပ်လိုက်သည့် ထယ်နမ်ကြောင့် သူမ မျက်နှာရဲခနဲဖြစ်သွားသည်။

နှလုံးခုန်သံသည် သူမ နားထဲသို့ စီးချက်ကျကျဝင်လာသည်။ သူဌေးလေးပြောသလို မွေးကတည်းက မြန်တာဟုတ်မဟုတ် မသိပေမဲ့ အခုနားထောင်ရသလောက်တော့ နှလုံးခုန်သံတွေ သိသာစွာမြန်နေပါသည်။ ဘယ်လောက်တောင်အာရုံစိုက်မိနေလဲဆို နားကသွေးကြောလေးတွေ၏ အသံကိုပါ ပြန်ကြားနေရသည့်အဖြစ်။ သူဌေးလေးရင်ဘတ်က တက်လာသည့်နွေးထွေးမှုသည် သူမကို အိပ်ပျော်သွားစေလောက်အောင် သက်သောင့်သက်သာဖြစ်စေသည်။ အနီးကပ်မြင်နေရသည့် သူဌေးလေး၏မျက်နှာကြောင့် သူမ ရူးသွားလောက်ပါသည်။ မျက်လုံးတွေကို မမြင်ရတာတောင်မှပေါ့။

သူမ ထရပ်လိုက်သည့်အခါမှာတော့ သူဌေးလေးဆီမှာ ဘာလှုပ်ရှားမှုမှရှိမနေတော့။ စိတ်ပင်ပန်းနေပုံရသည့်သူဌေးလေးသည် အိပ်ပျော်သွားပုံရပါသည်။ သူမကတော့ ညရောက်ရင်တောင် အိပ်ပျော်မဲ့အရိပ်အယောင်မမြင်တော့။

အရှေ့မှာရှိနေသည့် လူကိုမျက်စောင်းထိုးမိသည်။

‘ဒီလိုအမူအရာတွေနဲ့ သူဌေးလေးက ဘာဖြစ်ချင်နေတာလဲ။’

...............................................................................................................................................................................................................

A/N

လိုက်လည်းလိုက်ကြတယ်။ သတိရရချင်းခွင်ဖန်တဲ့လူနဲ့ လက်နဲ့လည်းစမ်းလို့ရတာကို ခေါင်းလေးသွားကပ်တဲ့လူနဲ့။ အတွင်းရေးမှူးလုပ်ခိုင်းပြီး အလုပ်ခန်းထဲမှာ စားဖို့စဥ်းစားနေတဲ့လူနဲ့ ယောကျ်ားအင်အားကိုဗန်းပြပြီး မိထွေးကိုဖြဲတဲ့လူနဲ့။ ဟုတ်နေတာပဲ။



𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now