ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ

3.2K 306 145
                                    

Uni

ကျွန်တော်က အရမ်းလက်ကမြင်းတတ်တဲ့ ကလေးတစ်ယောက်ပါ။ Sys Fic တွေကို ဖတ်တယ်။ နောက်ပြီး သူများရေးသလိုရေးတတ်ချင်ခဲ့တယ်။ ရေးလည်းရေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ၂၀၂၀ ၈လပိုင်း ၁၅ရက်နေ့ နေ့လည်၁၁နာရီ၂၈မိနစ်မှာ မေမေနဲ့အတူ အိပ်ယာထဲမှာလှဲနေရင်း ဒီFicရဲ့အစပိုင်းကို စိတ်ကူးယဥ်မိသွားတယ်။ ချက်ချင်းပဲ ဗလာစာအုပ်နဲ့ ဘောပင်ကိုယူပြီး အိပ်ယာထဲမှာ ထိုင်ရေးနေခဲ့တယ်။ ဒါက အစပိုင်းပေါ့။ အကုန်လုံးကို Typingလုပ်ပြီး တင်မယ်လို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်က မကောင်းပါဘူး။ အဲ့ဒီအစပိုင်းကိုရေးတုန်းက အဆုံးထိရေးလိုက်မယ်ဆိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ ကျွန်တော့်မှာ ရှိမနေခဲ့ဘူး။ ဒါကိုတောင် ခပ်တည်တည်ပဲ FaceBookပေါ်တင်ပြီး Gp 3ခုမှာ ဈေးဗန်းသွားခင်းလိုက်ပါသေးတယ်။ အဲ့ဒီတုန်းက Near Youကို ဇာတ်သိမ်းပိုင်းရေးနေဆဲကာလ...။ အတော်မျက်နှာပြောင်ခဲ့တဲ့ ပစ်ပါပဲ။

Near Youရေးပြီးတဲ့အခါမှ ကိုယ့်လုပ်ရပ်ဘယ်လောက်မှားသလဲသိပါတော့တယ်။ Systemဆိုတာမျိုးက သိတဲ့အတိုင်းပဲ Arcတွေအများကြီးနဲ့ ဖွဲ့ထားတာလေ။ ဒါကို Ficတစ်ပုဒ်ရေးရင် ၁၇ပိုင်းထက်ကျော်မရေးတတ်တဲ့ ကျွန်တော်က ဘယ်လိုလုပ်ရေးနိုင်ပါ့မလဲ။ ဒါက စိန်ခေါ်မှုအကြီးစားပါပဲ။ ခပ်တည်တည်နဲ့ပဲ အပိုင်း၁ကို Unပစ်ဖို့ မယောင်မလည်နဲ့သွားကြည့်တော့ ၁၀ယောက်ကြီးများတောင် voteထားပြီးကြပါပြီ။ ၁၀ယောက်ဆိုတာ အရမ်းများတဲ့ပမာဏကြီးလေ။ ဒါကိုမှ လျစ်လျှူရှုပြီး Unလိုက်မယ်ဆို ကျွန်တော့်လောက်ယုတ်မာရက်စက်တဲ့ ရေးသူ ဒီကမ္ဘာမှာ မရှိတော့ဘူးပဲ။

ဒီတော့ တံတွေးလေးမျိုချပြီးပဲ အစီအစဥ်မရှိတဲ့ Arc1ကို ရှိသမျှဥာဏ်လေး ဖျစ်ဖောက်ထုတ်ပြီးရေးရပါတော့တယ်။ ခင်ဗျားတို့သိရဲ့လား။ ကျွန်တော် ဒီဟာလေးရဲ့အရှေ့မှာ Fic 4ခုရေးခဲ့တယ်။ Voteနဲ့ ကောမန့်တွေ အများကြီးမရခဲ့ဖူးဘူး။ Sunshineလေးကလွဲလို့ပေါ့လေ။ အမ်... ဒါကိုရေးနေတဲ့တလျှောက် အရမ်းစိတ်ချမ်းသာခဲ့ရတယ်။ မနက်နိုးပြီဆို မျက်နှာမသစ်နိုင်သေးဘဲ Wpကိုဖွင့်ပြီး နိုတီသံလေးနားထောင်မှ နေပျော်တယ်။ ကောမန့်တွေကို Rpပြန်တယ်။ ယုံလိုက်ပါ။ ကျွန်တော် ကောမန့်တွေဖတ်ရတာ အရမ်းအရမ်းကိုကြိုက်ပါတယ်။ Rpလည်း နိုတီတက်သလောက် ပြန်ပါတယ်။ ဒါပေမဲ့ Wpဟာ ကျွန်တော့်ကို ကောမန့်တိုင်း နိုတီတက်မပေးပါဘူး။ ဒါကြောင့် ကျွန်တော် မဖတ်ရသေးတဲ့ ကောမန့်တွေရှိနေဦးမှာပါ။ အဲ့တာတွေကိုလည်း ကျွန်တော် အကုန်ပြန်ဖတ်မှာပါ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now