Part_6

12.1K 1.4K 75
                                    

Uni

သူအရမ်းဒေါသထွက်နေမိသည်။ ဘာလို့လဲ။ ဘာလို့ဒီကောင်လေးက သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ရတာလဲ။ ပြီးတော့ ဒီဒဏ်ရာတွေက ဓားလေ့ကျင့်လို့ရလာတဲ့ ဒဏ်ရာတွေဆိုတာ ထင်ရှားပြီးသား၊

မင်းဘာတွေလျှောက်လုပ်နေတာလဲ။ဖြစ်နိုင်တာကတော့.....။

ရန်ပိုင်ရှင်းရဲ့မျက်နှာက တဖြေးဖြေးပြုံးလာသည်။ ခုနက ရစ်ဝဲနေသည့် မကောင်းသည့်အငွေ့အသက်များ မရှိတော့တာကြောင့် အမတ်တွေလဲ သက်ပြင်းကိုချကာ အသက်ဝဝရှူရဲတော့သည်။

"ယွင်”

ယွင်လုတစ်ယောက် ကြောက်ကြောက်နဲ့ ခုတင်နားလေးမှာ ကျုံ့ကျုံ့လေးထိုင်နေရင်း သူ့နာမည်ခေါ်သံကြားတာကြောင့် လှည့်ကြည့်လိုက်သည်။ ရန်ပိုင်ရှင်းသည် ခန်းဆောင်အဝတွင်ရပ်နေကာ မျက်နှာပေါ်မှာလဲ ကျေနပ်သည့်အပြုံးချိုချိုတစ်ခု တပ်ထားလေသည်။

ရန်ပိုင်ရှင်းရဲ့အခုပုံစံက ကြောက်ဖို့မကောင်းတော့ပေမဲ့ မနက်ကအဖြစ်အပျက်တွေရဲ့ လွှမ်းမိုးမှုကိုခံနေရတာကြောင့် ယွင်လုရဲ့ကြောက်စိတ်က ဖျောက်မရသေးပေ။

"ယွင် ကိုယ်....”

ရန်ပိုင်ရှင်းက စကားပြောရင်း ခန်းဆောင်ထဲကို လှမ်းဝင်လိုက်ပေမဲ့ ကြောက်နေတဲ့ယုန်လေးတစ်ကောင်လို တုန်နေတဲ့ ယွင်လုကြောင့် ခြေလှမ်းတွေကိုရော ပြောလက်စ စကားတွေကိုပါရပ်ကာ မျက်မှောင်ကျုံ့သွားသည်။

ဒါကိုပင် ယွင်လုက သူ ရန်ပိုင်ရှင်းကို နှုတ်မဆက်သည့်အတွက် ဒေါသထွက်နေသည်ဟုနားလည်မိလေသည်။အထစ်ထစ်အငေါ့ငေါ့နှင့် ဒူးကိုထောက်ကာ နှုတ်ဆက်ပုံက ရန်ပိုင်ရှင်းကို စွံ့အစေသည်။

"ကိုယ်တော့်ကို ကြောက်နေတာလား။”

"မ..မဟုတ်ရပါဘူး။အ..အရှင်။”

"မင်းရဲ့အသားတွေတုန်နေတယ်။ မနက်ကကိစ္စကို ကြောက်နေတုန်းလား။”

မနက်ကကိစ္စ?
ဟုတ်တာပေါ့။မနက်ကသူတွေ့ခဲ့ရတဲ့ မျက်ဝန်းနီတွေက အသေအချာကိုကြောက်ဖို့ကောင်းတာပေါ့။
သူက လူအမျိုးမျိုးရဲ့ ဒေါသအဖုံဖုံကို တွေ့ဖူးပေမဲ့ ဒေါသကြောင့် သားရဲလိုဖြစ်သွားတာမျိုးကို မမြင်ဖူးတာအမှန်ပင်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now