Part 18

9.8K 1.1K 22
                                    

Uni

ရက်တွေများစွာကို ဖြတ်သန်းအပြီးမှာတော့ စီရမ်နဲ့လူးဝစ်က လက်ထပ်လိုက်ကြပြီဖြစ်သည်။ ဆိုင်နိုအရင်ကတွေးမိတာက စီရမ် လူးဝစ်ကို ပြန်မချစ်လောက်ဘူးလို့ထင်ပေမဲ့ ခုတော့ သူတို့နှစ်ယောက်ကပျော်လို့မြူးလို့ဖြစ်နေကြသည်။ စီရမ်က သတို့သမီး ပန်းစည်းလေးကို မမြှောက်ပဲ လောရင့်ကိုလာပေးသည်။ လောရင့်ကထိုပန်းစည်းလေးကို ဆိုင်နို့ကို ဒူးထောက်ပြီးပြန်ပေးလိုက်သည်။

ပွဲလာတဲ့သူတွေအကုန်လုံးက ဆိုင်နိုသည် လောရင့်သက်ဆိုင်သူဟုမှတ်ယူသွားကြသည်။ ဒီနိုင်ငံမှာ လိင်တူလက်ထပ်တာက သိပ်မထူးဆန်းပေ။ ပြုံးစိစိနဲ့ကြည့်နေကြသူတွေအပြင် ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကာ ပြုံးဖြီးနေကြသည့် လူတွေကြားတွင် ဆိုင်နိုရှက်ရှက်နဲ့ပဲ လောရင့်ပေးသည့် ပန်းစည်းလေးကို ယူလိုက်ရသည်။ မင်္ဂလာပွဲသည် သိပ်ပျော်ရွှင်စရာကောင်းစွာပဲပြီးဆုံးသွားလေသည်။

ဆိုင်နိုက ဒီလောက်လွယ်လွယ်ကူကူနဲ့ လက်ထပ်ပွဲပြီးသွားမယ်ဟုပင် မထင်မိပေ။ ဒီဘဝကတာဝန်က ပိုလွယ်နေတာပဲ။

"ခင်ဗျား နောက်ကမ္ဘာကိုသွားတော့မလား။"

ရက်ချ်က တာဝန်အရလာမေးသည်။ တာဝန်အရလို့သုံးရခြင်းမှာ ဆိုင်နို နောက်ကမ္ဘာကို မသွားသေးဘူးဆိုတာ သူသိနေသောကြောင့်ပင်။ ဘယ်သွားချင်ပါ့မလဲ။ သူ့ချစ်ချစ်ကြီးနဲ့ပျော်မြူးနေတာကိုး။

"မသွားသေးဘူး ရက်ချ်။ ငါဒီမှာကြာကြာနေဖြစ်မယ်ထင်တယ်။"

ဆိုင်နိုက သူ့ပေါင်ပေါ်မှာ အိပ်ပျော်နေသည့် လောရင့်ကို ကြည့်ရင်းပြောလိုက်သည်။ မင်္ဂလာပွဲကြောင့်ပင်ပန်းသည်ဟု အကြောင်းပြကာ ကိုယ့်အိမ်ကိုယ်ပြန်မအိပ်ပဲ သူ့အိမ်အထိလာကာ သူ့ပေါင်ကိုခေါင်းအုံးအိပ်နေသော လောရင့်ပါပေ။

"ဒီတစ်ခေါက်တာဝန်က လွယ်တယ်နော် ရက်ချ်။ အန့် လူနာလဲ မနှောက်ယှက်ဘူး။ ငါကသူမ နဲ့ဖိုက်တင်းပလေးရဦးမယ် ထင်ထားတာ။"

ညလေကအေးလာတာမို့ လောရင့်ကိုယ်ပေါ်ကို စောင်ထပ်ပေးလိုက်ရင်း ဆိုင်နိုကမေးသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now