Part_58

7.1K 906 73
                                    

Uni

လက်မှတ်ထိုးပေးပြီးတဲ့အခါမှာတော့ တာဝန်ခံလူကြီးက ဖုန်းတစ်ချက်လှမ်းဆက်လိုက်သည်။ စက္ကန့်ဝက်လောက်အချိန်အတွင်းမှာပဲ လူတစ်ယောက်က နာရာကိုပွေ့ချီကာ တံခါးချပ်မှတစ်ဆင့်ထွက်လာသည်ကိုမြင်လိုက်ရသည်။ နာရာ ကမေ့လဲနေတုန်းပဲရှိ‌သေးကာ သူမ ဒီကိုရောက်လာသည်ဆိုတာကိုတောင် မသိလောက်သေးပေ။ သူက နာရာ့ကိုပွေ့ချီမလို့လက်ကမ်းလိုက်ပေမဲ့ ထိုလူက သူ့ကိုငြင်းဆန်လိုက်သည်။ တာဝန်ခံလူကြီးက ရှေ့တိုးလာကာ

“သခင်လေး။ ဒီမိန်းကလေးကို သခင်လေးရဲ့သက်တော်စောင့်တွေလက်ထဲ ကျွန်တော်တို့လူက သေချာထည့်ပေးလိုက်မှာပါ။ မပူပါနဲ့။ သခင်လေးက အပြင်ထွက်ဖို့အဆင်မပြေလို့ပါ။”

အင်းထယ်မျက်နှာမှာ ချေွးအနည်းငယ်စို့လာသည်။ ဒီနေရာမှာ Air-con ရှိနေပေမဲ့ ဖိအားတစ်ချို့ကိုခံစားနေရသည်။ ကြည့်ရတာ သူတို့က သူ့ကိုလုံးဝအပြင်ထွက်ခွင့်မပေးဘူးပဲ။ သူက ခဏလောက်စဉ်းစားပြီးမှခေါင်းကိုညိမ့်ကာ

“ကောင်းပြီလေ။ ဒါဆိုလည်း ကျွန်တော် သူတို့ကိုဖုန်းနဲ့ပဲ ပြောစရာရှိတာပြောလိုက်ပါ့မယ်”

တာဝန်ခံလူကြီးက ခေါင်းညိမ့်ပြလိုက်တော့ နာရာ့ကိုသယ်လာသည့်လူသည် အပြင်ဘက်သို့ဖြေးဖြေးချင်းထွက်သွားသည်။ သူကအိတ်ထဲကဖုန်းကိုထုတ်လိုက်ကာ သက်တော်စောင့်ခေါင်းဆောင်ဆီဆက်သွယ်လိုက်သည်။

“သခင်လေး။ ဘာဖြစ်လို့ထွက်မလာသေးတာလဲ”

ဖုန်းဝင်ဝင်ချင်း ခေါင်းဆောင်၏ အလောတကြီးအသံကိုကြားလိုက်ရသည်။ ကြည့်ရတာ ကလေးမလေးကသူတို့လက်ထဲရောက်နေပေမဲ့ သူထွက်မလာ‌သေးတာကြောင့် စိတ်ပူနေပုံရသည်။

“အာ....ငါကိစ္စတစ်ချို့ရှိလို့။ မင်းတို့အိမ်ပြန်နှင့်လိုက်။ နာရာ့ကို သူမ ဘာဖြစ်ခဲ့လဲ လုံးဝမသိစေနဲ့။ သေချာပြန်ပို့လိုက်။ ပြီးရင် အမေ့ကိုပြောပေးပါ။ ငါဒီညသန်းခေါင်မှအိမ်ပြန်မရောက်ရင် ပိုက်ဆံများများလေးယူပြီး ဒီကိုလိုက်လာခဲ့ပါလို့”

“သခင်လေး ဘာများဖြစ်လို့လဲ”

“မေးမနေနဲ့။ ငါပြောသလိုလုပ်လိုက်။ နားလည်လား”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now