Part_53

7.7K 972 40
                                    

Uni

ကြုံဖူးလား။

ခင်ဗျားတို့နေ့တိုင်းမြင်တွေ့နေရသမျှအရာအားလုံးဟာ တစ်ရက်ထဲနဲ့မဲမှောင်သွားတယ်။ လွန်ခဲ့တဲ့သုံးရက်က ကောင်းကောင်းမြင်နိုင်စွမ်းရှိတဲ့သူဟာ အခုတော့မျက်လုံးထဲမှာအမှောင်ထုကိုပဲဆက်တိုက်မြင်နေရတယ်။ ခင်ဗျားရဲ့အခန်း၊ ခင်ဗျားရဲ့အမေ ယုတ်ဆွအဆုံး ခင်ဗျားကိုယ် ခင်ဗျားတောင်မမြင်နိုင်တဲ့အခြေအနေမျိုးပေါ့။ အခု ထယ်နမ်ရင်ဆိုင်နေရတာလည်း ဒီလိုအခြေအနေပါပဲ။

ဘယ်လောက်ပဲသတ္တိရှိတဲ့လူဖြစ်ပါစေ။ ရုတ်တရက်အမြင်အာရုံတွေမှောင်မိုက်သွားတဲ့အခါ ကြောက်ရွံ့ခြင်းနဲ့ အလိုမကျခြင်းကို သူခံစားလာရပြီ။ နေ့နဲ့ညတောင် ခွဲခြားမသိနိုင်သလို ကိုယ့်ရဲ့ကိစ္စတွေကိုလည်း ဘာတစ်ခုမှမလုပ်နိုင်တော့တဲ့ အကြောက်တရားမျိုးကို သူထိတွေ့နေရပြီ။ ပြောကြည့်ပါ။ ဘယ်လိုစိတ်ဓာတ်ကြံ့ခိုင်သူမျိုးကမှ ဒီလိုအခြေအနေမျိုးကို ဘာမှမဖြစ်သလို နေနေနိုင်မှာလဲ။ ပြန်ကောင်းလာနိုင်စရာ အခြေအနေရှိတယ်ဆိုရင်တောင်မှပေါ့။

အနားကမွေ့ရာက အိခနဲဖြစ်သွားတာမို့ ကောင်မလေးက ခုတင်ပေါ်မှာဆိုတာကို သူသိလိုက်သည်။ သူမ ခန္တာကိုယ်က ဘယ်လောက်တောင်လေးလဲတော့ သူမသိ။ မွေ့ရာကတော့ အတော်လေးအိဝင်သွားသည်။ နှာခေါင်းထဲမှာ လတ်ဆတ်တဲ့အနံ့တစ်မျိုးကို သူရလိုက်သည်။ အဲတာက ဘာအနံ့ဆိုတာပြောမပြတတ်ပေမဲ့ အတော်လေးတော့ စိတ်ခံစားချက်ကိုကောင်းလာစေသည်။

"ဘာရေမွှေးသုံးတာလဲ။"

"ဟမ်? အာ....ကျွန်မရေမွှေးမသုံးပါဘူး။ သူဌေးလေး။ ဒါက ပေါင်ဒါပါ။"

"ပေါင်ဒါ?"

"ဟုတ်ကဲ့။"

ကောင်မလေး၏အဖြေကြောင့် သူ့နှုတ်ခမ်းတွေကွေးညွတ်သွားသည်။ ရေမွှေးမသုံးဘဲ ပေါင်ဒါသုံးတတ်သည့် ကောင်မလေးရှိနေမယ်လို့ သူ မထင်ခဲ့မိတာဖြစ်သည်။

"သူဌေးလေးကြိုက်တယ်ဆို ကျွန်မ မနက်ဖြန်ကျယူလာခဲ့ပါ့မယ်။"

"ရပါတယ်။ ငါကမေးကြည့်တာ။"

"Dok Dok Dokငါဝင်လာခဲ့မယ်။"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now