Part-96

5.3K 750 81
                                    

Uni

အိပ်ရေးဝသောခံစားချက်အပြည့်နှင့် အကြောဆန့်ကာ အားရပါးရသမ်းဝေလိုက်သည်။ ထထိုင်လိုက်တော့ ကိုယ်ပေါ်ရှိ ကုတ်တစ်ထည်ကို တွေ့တာမို့ ဇဝေဇဝါဖြစ်သွားမိသေးသည်။သေစမ်း သူ သူဌေးကို ထမင်းခွံ့နေရင်း အိပ်ပျော်သွားတာလားပဲ။ ရီရခက် ငိုရခက် ခံစားချက်နှင့် သူဌေးကိုလိုက်ရှာမိသည်။ အဆူခံရတော့မည်ဟု တွေးလိုက်မိပေမဲ့ သူဌေးသည်လည်း သူ့အလုပ်ကုလားထိုင်ပေါ်မှာ ငုတ်တုပ်လေးအိပ်ပျော်လို့။ နာရီကြည့်တော့ ၁၁နာရီတောင်ခွဲပြီ။ သူ သုံးနာရီလောက်‌ အိပ်ပျော်သွားခဲ့တာပဲ။ ကုမ္ပဏီကြီးတစ်ခုလုံးမှာမှ လုံခြုံရေးကို ဖယ်ထားလိုက်ရင် သူရယ် သူဌေးရယ်ပဲ ရှိတဲ့ဟာ နှစ်ယောက်လုံး အိပ်ပျော်သွားတဲ့အဖြစ်က ရယ်စရာတော့ အကောင်းသား။

ကုတ်အင်္ကျီကို သူဌေးပေါ်ခြုံပေးလိုက်ချိန်မှာပဲ အခန်းတံခါးကပွင့်လာကာ အတွင်းရေးမှူးလင်းရီက သူခိုးခြေလှမ်းနဲ့ တစ်လှမ်းချင်း ဖွဖွကလေး ဝင်လာသည်။

"ဝေ့ အစ်ကိုဘာလုပ်နေတာလဲ"

လေသံနှင့် လှမ်းပြောလိုက်တော့ လင်းရီက အသည်းအသန်ပါးစပ်ကိုလက်ညှိုးနဲ့ကပ်ပြသည်။

"သူဌေးက ငါပြန်လာရင် ညင်ညင်သာသာလေးဝင်လာဖို့ ပြောထားတာ။ ကြည့်ပါလား သူအိပ်နေတယ်လေ"

"လက်ထဲက ဘာတွေလဲ"

ဆေးဘူးကိုပါ မြင်လိုက်ရသည်မို့ မေးငေါ့မေးလိုက်မိသည်။

"အစာကြေဆေး သူဌေးက ဗိုက်နာလို့တဲ့"

"ဟမ် ကျွန်တော်လည်း မသိရပါလား"

"မသိဘူး သူငါ့ကိုဖုန်းဆက်တုန်းကပြောတာ"

တစ်ချိန်လုံးအိပ်နေပြီးမှ ထလာတာမို့ ရှင်းချောင် ဘာမှမသိ။ ဆေးဘူးလေးကို ကိုင်ကြည့်ရင်း အိပ်နေသည့် သူဌေးဆီ အကြည့်ရောက်မိသည်။ ချွေးသီးလေးတွေက နှဖူးစမှာ ရစ်ဝဲလို့။ ဗိုက်နာလို့ထင်သည်။ ကျုံ့ထားသည့် မျက်ခုံးနှစ်ဖက်က ထိစပ်လုလု။ သူပဲ ထမင်းအမာတွေဝယ်မိလို့ပဲလား။ ဒါပေမဲ့ ထမင်းက မမာဘူးဆိုတာ သူလည်း သိတာပဲလေ။ မဟုတ်မှ အစပ်တွေ ပါသွားလို့ပဲလား။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now