Part_35

7.1K 902 6
                                    

Uni

Kornထွက်သွားပြီးတော်တော်ကြာသည်အထိ သူမ ထိုနေရာမှာပဲငြိမ်သက်နေမိသည်။ အိမ်ကလွှတ်လိုက်သော driver ကလဲ သူမ ဘေးမှာငုတ်တုပ်။ အိမ်က driver ကလွဲ၍ဘယ်သူမှလိုက်မလာတာကို တွေ့တော့ သူမ အသက်ရှူတွေကြပ်လာသလို ခံစားရသည်။ သူမ သိပါသည်။ fashion လုပ်ငန်းစုနှင့် ကျော်ကြားသော သူမ၏မိဘများသည် သူမကို သရုပ်ဆောင်မဖြစ်စေချင်ခဲ့ပေ။ သူတို့က သူမကို နာမည်ကြီးပြီးအရည်အချင်းရှိသည့် ဒီဇိုင်နာတစ်ယောက်သာ ဖြစ်လာစေချင်ခဲ့သည်။

သူမကလဲ ဒီဇိုင်နာအလုပ်ကို ဝါသနာပါခဲ့သည်။ သို့သော်........လူတစ်ယောက်အတွက် သူမ ဝါသနာတွေကို နောက်ချန်ထားခဲ့သည်။ အဲဒီလူနဲ့ယှဉ်ရပ်ဖို့၊ အဲဒီလူရဲ့စိတ်ထဲမှာ သူမ အမြဲရှိနေစေဖို့ သူမ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သည်။ အဲဒီလူ.........ပီယာနာ။

“ခွန်ပီယာ!”

Driver ၏အံ့ဩတကြီးရေရွတ်သံကြောင့် သူမ‌ ခေါင်းမော့ကြည့်လိုက်သည်။ ပီယာနာသည် သူမရှေ့မှာ ခပ်တည်တည်နှင့်မတ်တပ်ရပ်နေသည်။ ပီယာက သူမရဲ့လက်ကို ခွင့်တောင်းခြင်းမရှိပဲ ဆွဲကြည့်ကာ နေကာမျက်မှန်ကိုချွတ်ပြီး သူမကို ဝတ်ပေးလိုက်သည်။ ထို့နောက် တဆက်တည်းမှာပင် မန်နေဂျာထံမှ ကုတ်တစ်ထည်က သူမ ကိုယ်ပေါ်သို့ ပီယာမှတဆင့်လွှမ်းခြုံခံလိုက်ရသည်။

“မင်း ဝတ်စုံကို မလဲခဲ့ဘူးလား။ ဒါကအရမ်းတိုနေတယ်”

“ဟင့်အင်း..........ငါ”

ပီယာက လီလီ့မျက်နှာမကောင်းတာကို သတိထားမိပုံရသည်။ ခန္တာကိုယ်ကို လီလီ့မျက်နှာရှေ့ကိုင်းလိုက်ကာ မျက်လုံးချင်းဆုံရင်းမေးလိုက်သည်။

“ရေခဲမုန့်စားမလား”

“အင်း”

သူတို့နှစ်ယောက်သည် ရုပ်ဖျက်ပြီး ရေခဲမုန့်ဆိုင်လေးတစ်ဆိုင်မှာထိုင်နေကြသည်။ လီလီက strawberry ရေခဲမုန့်လေးကို ဖြေးဖြေးချင်းစားနေသည်။ ပီယာရှေ့မှာ ဒူးရင်းရေခဲမုန့်တစ်ခွက်ရှိနေပေမဲ့ ကံမကောင်းစွာပဲ ထိုခွက်လေးက အထိမခံရပေ။

“အခု စိတ်အခြေအနေသက်သာသွားပြီလား”

“အင်း”
လီလီက ခေါင်းညိမ့်ရင်း တိုးတိုးပြောသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now