Part_30

7.8K 986 0
                                    

Uni

သူအိပ်ယာမှနိုးလာတော့ မနက် ၁၀နာရီပင်ထိုးလုပြီ။ ရုတ်တရက် လှုပ်မရသောအနေအထားကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ ဟိုလူကြီး အဲလေ ဟိုသရဲကြီးသည် သူ့ဘေးနားတွင်ကပ်ကာ သူ့ကို ဖက်လုံးအနေဖြင့် တင်းတင်းဖက်၍ အိပ်ပျော်နေချေသည်။ သူက နန်းတွင်းဘဝကို ပြန်သတိရသွား၍ ဖွဖွလေးပြုံးမိသည်။ နေပါဦး။ သရဲတွေက လူတွေကိုထိလို့ရလို့လား။ နောက်ပြီး မနက်တောင်ရောက်နေပြီလေ။ သူက ဘာလို့မပျောက်သွားသေးတာလဲ။

သံသယတွေဖြင့် သူ့ဘေးကလူကို ကြည့်လိုက်သည်။ ဒါပေမဲ့ ဒါကသူ့အတွက် ကိစ္စကြီးတော့မဟုတ်ပါ။ သွေးပျက်အောင် အခြောက်ခံပြီးတဲ့နောက်မှာ သူဒီမှာလုံးဝဆက်နေမှာမဟုတ်တော့ပေ။ အသာလေးထ,ကာ လာကတည်းကပါလာသည့် ပစ္စည်းတွေကို ပြန်ထုပ်ပိုးလိုက်သည်။ ဟိုမင်းသမီးနှစ်ယောက်ကို အောင်သွယ်ပေးရမည့်ကိစ္စကလည်း ရှိတာမို့ သူဒီမှာပဲနေလို့မရပေ။ ဖြစ်နိုင်လျှင် သူမ တို့နှင့် နီးကပ်စွာအလုပ်လုပ်နိုင်သောနေရာတစ်ခုကို  သူ ရှာရပေမည်။ နဲနဲတော့ ခက်ခဲလိမ့်မှာပေမဲ့ ဒီကိစ္စက မဖြစ်နိုင်တာတော့မဟုတ်။

သူ ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင်တွေးနေကျအရာတစ်ခုရှိသည်။ ထိုအရာကတော့ သူလုပ်မည့်ကိစ္စသည် အမြဲတမ်း ဖြစ်နိုင်သည်ဆိုတာပင်။ လုပ်ကိုလုပ်ရတော့မဲ့ ကိစ္စတစ်ခုကို မဖြစ်နိုင်ဘူးဆိုပြီး စိတ်ညစ်နေမဲ့အစား သူကတော့ ဖြစ်နိုင်တယ်လို့တွေးပြီး မီးကုန်ယမ်းကုန်ကြိုးစားပစ်ချင်ပါသည်။

“မင်းဘယ်ကိုသွားမလို့လဲ”
ရုတ်တရက်နောက်ကျောဘက်မှ အသံကြားရတာကြောင့်လှည့်ကြည့်လိုက်တော့ သူ့ချစ်သူက သူနှင့်နီးကပ်စွာရှိနေသည်။ ပြုံးနေသည့် နှုတ်ခမ်းတွေက သူ့နှဖူးတွေနှင့်အတော်နီးနေတာကြောင့် ခုန်နေသည့်နှလုံးကို အတော်လေးထိန်းချုပ်လိုက်ရသည်။

“ငါ ထွက်သွားတော့မယ်။ ဒီမှာ ဆက်မနေနိုင်တော့ဘူး”

“မရဘူး”

“ဘာလို့မရရမှာလဲ။ ငါလုပ်စရာရှိသေးတယ်။ ဒီမှာပဲနေပြီး အသေမခံနိုင်ဘူး”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now