Part-76

5.2K 772 27
                                    

Uni

လူဂါ ကောင်လေးဆီကို သွားရင်း စကားပြောသံကြားလိုက်ရတာကြောင့် မျက်နှာပျက်သွားသည်။ အသံက ကောင်လေး၏အသံဖြစ်နေသည်။ သူလျှိုဖြစ်နေရင် သတ်ပစ်ဖို့က လွဲပြီးမရှိတာကြောင့် လက်က ဓားဆီရောက်သွားမိသည်။ စိတ်အခြေအနေတော့ သိပ်မကောင်း။

တရွေ့ရွေ့လျှောက်လာသည့် ခြေလှမ်းတွေ ကောင်လေးဆီမရောက်ခင်မှာပဲ စကားသံထပ်ကြားလိုက်ရသည်။

"အင်းး မလုပ်ကြပါနဲ့ ဟင့်အင်း ကျွန်တော် တောင်းပန်ပါတယ် နောက်မလာတော့ပါဘူး မလုပ်ပါနဲ့"

အသံက ထူးဆန်းနေသည်မို့ သူ့ခြေလှမ်းတွေက သတိအနေအထားမှ ခပ်သွက်သွက်လေးလှမ်းမိသွားသည်။ ကောင်လေးဆီရောက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဓားပင်လွတ်ကျမတတ်။ သူ သူလျှိုလို့ တွေးမိတဲ့ကောင်လေးဟာ ကျောက်တုံးကြီးပေါ်မှာ သူ့ခန္ဓာကိုယ်သေးသေးလေးကို ကွေးကာအိပ်နေရှာသည်။ နေရောင်ခြည်၏ ရန်ရှာခံရမှုကြောင့် အသားဖြူနုနုတို့က နီမြန်းလျှက်။ အိပ်နေရင်း မျက်မှောင်ကျုံ့ကာ ကယောင်ကတမ်းငြီးတွားနေပုံက သနားစရာပင်ကောင်းလှသည်။

လူဂါက သက်ပြင်းချလိုက်ကာ ကောင်လေးကို ပွေ့ချီ၍ နေလွတ်ရာကို ရွှေ့ပေးလိုက်ပြီး သူ့ပေါင်ပေါ်ကို ခေါင်းအုံးစေလိုက်သည်။ ဆံပင်ပွပွလေးကို လက်လေးနှင့်အသာသပ်ပေးတော့ မျက်မှောင်ကျုံ့ထားတာလေး ပြေသွားသည်မို့ လူဂါ ယောင်ယောင်လေးပြုံးမိသွားသည်။

ကောင်လေးအတွက်ဆိုပြီး ယူလာသော အစားအစာများလည်း အေးစက်သွားသလို ကောင်လေးရဲ့ နားရွက်ဖျားလေးတွေလည်း တဖြေးဖြေး နီရဲလာသည်။ လူဂါ ဘာဖြစ်လို့ အီရာ့ကို ခန်းမဆီပြန်ခေါ်မသွားတာလဲ ဆိုတာကတော့ လူဂါသာလျှင် သိနိုင်ပါလိမ့်မည်။

"အရှင်ကလည်း နရန်းကို ပစ်ထားတယ် ကြည့်စမ်း ညက နရန်းကိုအခစားမဝင်ခိုင်းဘဲ တစ်ခြားသူကို ဝင်ခိုင်းတာ ကျွန်တော်မျိုးမကို သဘောမကျလို့လားဟင် ဟင့် အရှင်မကောင်းဘူး။"

ဘေးက မိဖုရား၏ ပက်ချွဲချွဲအသံကြောင့် ရှီလာခေါင်းကုတ်မိသည်။ စစ်ရေးလေ့ကျင့်တာကို လာစစ်ဆေးတာပါဆိုမှ ဒီကလေးမက ဘယ်က ရောက်လာမှန်းမသိ။ အကြံတစ်ခုရသွားတာကြောင့် သူပျော်သွားမိသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now