Part-82

5.6K 760 94
                                    

Uni

ရှီလာက သူ့ရှေ့ကလူကို ကြောင်ကြည့်နေမိသည်။ ဆန်ဒိုဘုရင်ဆိုသည့် ထိုသူကတော့ သမားတော်ကို မေးလို့မြန်းလို့မပြီးနိုင်သေး။

“လက်နဲ့နယ်ပြီး ဖိသုတ်ရမှာနော်”

ပြောပြောဆိုဆို ဒဏ်ရာပေါ်ဖိလာသည့် သူ့လက်ကြောင့် ရှီလာ စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။

“အ့....နာတယ်ဗျ”

နော်ဂါက ရှီလာ့ကို တစ်ချက်ငေးလိုက်သည်။ ဒီငေးမောမှု၏ အဓိပ္ပါယ်ကို ရှီလာ မဖော်ထုတ်နိုင်။

သို့သော် စပ်ဖျင်းဖျင်းခံစားချက်ကို နောက်တစ်ကြိမ် ထပ်ပြီးခံစားလိုက်ရပြန်သည်။

“အား......ကျစ် နာပါတယ်ဆို ခင်ဗျားအဲ့လောက်တောင် ဖိစရာလိုလို့လား”

“လိုတာပေါ့ ကိုယ့်အညိုရောင်လေးရဲ့။ ဖိမှ ဆေးက အနာထဲရောက်မှာလေ။ မြန်မြန်သက်သာတော့ ကောင်းတာပေါ့”

ဘာကောင်းတာလဲ လို့ ပြန်မမေးလိုက်မိ။ တကယ်ကိုပါပဲ ဆေးစိမ်းစိမ်းနံနံကြီးတွေကို လက်နဲ့ ပယ်ပယ်နယ်နယ်သုတ်ကာ သူ့ဒဏ်ရာတွေပေါ် အတင်းဖိနေသောပါပဲ။ နေပါဦး အငြိုးရှိလို့နှိပ်စက်တယ်ပြောရအောင်လည်း သူကပဲ ကိုယ့်နိုင်ငံကို လာ တိုက်တာလေ။ ကိုယ့်ကိုတောင် ဖမ်းထားလိုက်သေးတာ။ အငြိုးရှိရမှာ ကိုယ်မဟုတ်ဘူးလား။

“အားးးအာ့....ဒါတော့များသွားပြီ တကယ်နာပါတယ်ဆိုနေ။”

ယောကျ်ားပီပီ အော်သံမထွက်ဖို့အံကြိတ်ပြန်တော့လည်း မ‌အော်အော်အောင် ဖိပြန်သည်။ ဒီလူကြီး ဘယ်လိုတွေ ဖြစ်နေတာလဲ။

“ဟာ......ကိုယ့်မိဖုရားလေးကလည်း။ ဖိဖို့လိုပါတယ်ဆိုနေ ဟုတ်တယ်မလား သမားတော်။ လူနာဆိုတာ နာကြောင်း အော်နေရမယ်လေ နို့မို့ လူနာမပီသဘဲနေမှာပေါ့”

ငင့်။ ဘာလောဂျစ်ကြီးလဲ။ အချိန်ပြည့်ပဲ ‌‌‌အော်နေရမည့်ပုံ။ နေပါဦး နေပါဦး မဟုတ်မှ ငါလေးရဲ့အော်သံကိုများ ဒီလူကြီး သာယာနေသလားပဲ။ အား......အမေရေ။ သားတော့ လူ့အခွင့်အရေးချိုးဖောက်ခံရသလို ခံစားနေရပြီ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now