Part_31

7.2K 940 21
                                    

Uni

ဒီနေ့ညတော့ ရိုက်ကွင်းပြီးဆုံးသွားသည့်အထိန်းအမှတ်ဖြင့် သူတို့တစ်ဖွဲ့သားလုံး ကာရာအိုကေဆိုင်တစ်ဆိုင်သွားကြသည်။ မင်းသားတွေမင်းသမီးတွေကအစ အောက်ခြေသိမ်းဝန်ထမ်းပါမကျန် ပျော်ရွှင်စွာစားကြသောက်ကြတာမို့ ဆိုင်ခန်းတစ်ခုလုံးမှာ သူတို့အသံတွေက ညံလို့နေသည်။

“ပီယာ ဘာလုပ်နေတာလဲ နင်”

အပြင်ကိုခဏထွက်ကာ ဝိုင်တစ်ခွက်နှင့် ငေးနေသော ပီယာ့ကို လီလီက ရန်စသည်။ သို့ပေမဲ့ ဒီနေ့တော့ပီယာ့မှာ လီလီ့ကို ပြန်ပြီးချေပချင်စိတ်ရှိမနေတာကြောင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ငါအထဲမှာ မွန်းကြပ်လာလို့။ အာ......မဟုတ်ဘူး။ ငါ့စိတ်တွေမွန်းကြပ်နေလို့”

“အိုးဟိုး.......နင်ဒီနေ့ငါ့ကို ကောင်းကောင်းမွန်မွန်တွေပြောနေပါ့လား”

ပီယာက မျက်ခုံတစ်ချက်ကို ပင့်လိုက်ကာ ဝိုင်ကို မော့ချလိုက်သည်။ လီလီလဲ သူမရဲ့ ရန်ဖြစ်ချင်စိတ်လေးကို ပြန်လျှော့ကာ ပီယာ၏ မွန်းကြပ်မှုအကြောင်းအရင်းကို စပ်စုသည်။

“နင်က ဘာလို့မွန်းကြပ်နေရတာလဲ။ အမလေး‌နော် နိုင်ငံကျော်မင်းသမီးကြီးမှာလဲ မွန်းကြပ်စရာတွေရှိနေရတယ်လို့။ ဘာလဲ။ မဟုတ်မှ........။ နင့်အိမ်က နင့်ကို ယောက်ျားပေးစားနေလို့လား ဟမ်?”

လီလီက စ,နောက်ရုံမေးလိုက်ပေမဲ့ ပီယာက အတည်ကြီးခေါင်းညိမ့်လိုက်တာမို့ သူမမျက်လုံးတွေပြူးခနဲဖြစ်သွားသည်။

“အလိုင်ဝါ.....ဟေး နင်တကယ်ပြောနေတာလား။”

“အေး။ ငါအတည်ပဲပြောနေတာ”

“ဘယ်သူနဲ့လဲ”
“ဘာလဲ။ နင်က သူ့ကို လုဦးမလို့လား”
စပ်စုစွာမေးလာသော လီလီ့ကို ပီယာက မဲ့ပြုံးလေးနှင့် ပြန်မေးသည်။ဘာလို့ဆိုရင် ဒီအချိန်အထိ ပီယာတွဲသမျှရီးစားတွေသည် လီလီ့လက်ထဲမှာပင် အလုခံလိုက်ရသောကြောင့်ဖြစ်သည်။

လီလီက ပီယာ့အမေးကို ဂုဏ်ယူပြုံးလေးနှင့်သာ ပြန်ဖြေသည်။ သူ့ကြည့်ရတာ ပီယာ့ချစ်သူတွေကို လုနိုင်သည့်အတွက် အလွန်ဂုဏ်ယူနေပုံရသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now