Part-84

5.2K 697 18
                                    

Uni

“ရှီလာ”

ခပ်တိုးတိုးခေါ်ကြည့်ပေမဲ့ ကောင်လေးက မျက်လုံးပွင့်မလာတော့။ သူလည်း ထပ်မခေါ်တော့ဘဲ လှေကို ကမ်းကပ်လိုက်သည်။ လှေထဲကနေ ကောင်လေးကို ပွေ့ထုတ်ရတာလည်း လွယ်တာမဟုတ်။ သူ့ ဘုရင်လေးက ဗလတွေနဲ့လေ။ သူ မ,နိုင်တာပဲ တော်တော်လေးတော်သေးတယ်ပြောရမယ်။ ပွေ့ချီလိုက်တော့ လည်ပင်းကိုတွယ်ကပ်လာသည့် လက်တွေနှင့်အတူ ဝတ်ရုံစတွေက လေမှာတလွင့်လွင့်။ အသားညိုညိုလေးပေါ်မှာ ဇာအပါးသားအဖြူရောင်ထပ်ဝတ်ထားတာမို့ ပနံသင့်နေသည်။ ဆံပင်ခိုပြာရောင်တို့က ထုံးထားတာမဟုတ်လို့ အဖြူရောင်ဝတ်ရုံအပေါ်မှာ တွယ်ကပ်လျှက်။ ဒီပုံလေးက ရေပူစမ်းတုန်းက အခိုက်အတန့်လေးကို ပြန်သတိရစေသည်။ အဲ့ဒီတုန်းက သူဘယ်လောက်တောင် ဒေါသထွက်လိုက်ရသလဲ။ ကောင်လေးကို သူ့မိဖုရားတွေနဲ့ သဝန်တိုရတာလည်းအမော။ ဟိုလိုလုပ်လိုက်၊ ဒီလိုကြံလိုက်နဲ့ ဘယ်လောက်တောင် စိတ်မောလိုက်ရသလဲ။ ဒါကြောင့် စိတ်ဆိုးဆိုးနဲ့ပဲ ကောင်လေးကို သိမ်းပိုက်မိတော့မလို့။ ထိန်းချုပ်လိုက်နိုင်တာက တော်သေးတာပေါ့။ မဟုတ်ရင် ကောင်လေးခမျာ သူ့လူတွေရှေ့မှာ အရှက်ကွဲရချည်ရဲ့။ ဒါပေမဲ့ အခုတော့..... ဒီကောင်လေးက သူ့အပိုင်ဖြစ်နေပြီ။ သိမ်းပိုက်ဖို့ ဆိုတာက.....။ တွေးရင်းတွေးရင်းနှင့် သူ့နှုတ်ခမ်းတွေက အပေါ်ကို ၁ပေလောက် မြင့်တက်လာသည်။

“အရှင်”

မင်းမှုထမ်းတစ်ယောက်က ရှီလာကို သယ်သွားပေးဖို့ အပြေးလာပေမဲ့ နော်ဂါက သူ့ကောင်လေးကို သူ့လက်မောင်းတွေဖြင့်သာ ဖြည်းဖြည်းချင်းသယ်သွားသည်။ ကောင်လေး အိပ်ပျော်သွားတာ ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။ ကောင်လေးသာ နိုးနေရင် သူ ကောင်လေးအတွက် ပြင်ဆင်ထားတာလေးကို ပြလို့ရသေးတယ်။ အခုတော့လည်း ထားပါတော့ပေါ့။ အိပ်ပျော်သွားတော့လည်း တစ်ခြားဟာ လုပ်ရုံပဲလေ။

“ငါမခေါ်မချင်း ဝင်မလာကြနဲ့။ ဘာကိစ္စပဲရှိရှိ လာမနှောင့်ယှက်နဲ့။ ကြားလား”

“ဟုတ်ကဲ့”

အပျိုတော်တွေကပါ ဦးညွတ်လျှက် အဆောင်ပြင်ထွက်သွားကြသည်။ အခန်းထဲမှာ သူနှင့် သူ့အညိုရောင်လေး နှစ်ယောက်တည်း။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now