Part_19

9.5K 1.1K 9
                                    

Uni

ဒီနေ့ကျောင်းတွင် basketball ပြိုင်ပွဲရှိသည်။ ကျောင်း၏မင်းသားလေးဖြစ်သော ‌လောရင့်ကလဲ ဝင်ကစားမည်ဖြစ်ရာ အားပေးစင်တွင် မိန်းကလေးတွေနှင့်ပြည့်လျှက်ရှိသည်။ လောရင့်က ဆိုင်နိုဘေးကနေ တဖြေးဖြေးလျှောက်လာနေသည်။ မိန်းကလေးတွေကလဲ လောရင့်ကိုတွေ့သည်နှင့်တပြိုင်နက် အော်ဟစ်မနေကြရင်တောင် တီးတိုးတီးတိုးနဲ့ ပြောဆိုနေကြသည်။ ဆိုင်နိုက ဒီအတွက်ကြောင့် အနဲငယ်ဆူပုပ်နေလေသည်။

လောရင့်ကဆိုင်နိုကို လက်ထပ်ခွင့်တောင်းသည့် ကိစ္စက သတင်းထွက်နေပေမဲ့ မိန်းကလေးတွေက လုံးဝမယုံကြပေ။ လောရင့်က ဆူပုပ်နေသော ဆိုင်နိုရဲ့အနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“ကိုယ်နိုင်အောင် ကစားပေးရမလား။ ရှုံးအောင်ကစားပေးရမလား”

လောရင့်က ဘာလို့ဒီလိုမေးတာလဲဆိုရင် ဆိုင်နိုနဲ့လောရင့်က မေဂျာမတူကြပေ။ တစ်ဖက်အသင်းသည် ဆိုင်နိုရဲ့မေဂျာဘက်မှဖြစ်နေသည်။

“ခင်ဗျားက ကျွန်တော်ပြောသလို တကယ်လုပ်ပေးမှာမို့လို့လား”

“ဒါပေါ့။ ကိုယ် မင်းပြောသလို အကုန်လုပ်ပေးမယ်။”

“ဒါဆိုရှုံးအောင်ကစားခဲ့။”

“အိုခေ ဘေဘီ။”

လောရင့်က ဆိုင်နိုရဲ့ပါးလေးတစ်ဖက်ကို အလျင်စလိုနမ်းကာ ကွင်းထဲဝင်သွားလေသည်။ မိန်းကလေးတွေက ထိုမြင်ကွင်းကို သဘောမကျစွာကြည့်နေကြပေမဲ့ ဆိုင်နိုကလုံးဝမမှုပေ။ ခပ်တည်တည်ပဲ စင်ပေါ်တက်သွားကာ ကိုယ့်မေဂျာကိုယ်အားပေးမလို့ပြင်လိုက်သည်။ ဒါပေမဲ့ အားလုံးက အဆုံးသတ်ကိုသိနေကြပြီးသားဖြစ်သည်။ လောရင့်က basketball မှာ တော်သူဖြစ်တာကြောင့် အနိုင်အရှုံးက လုံးဝကိုရှင်းလင်းပြီးသားဖြစ်နေသည်။

ဆိုင်နိုက နဲနဲလေးစိတ်လှုပ်ရှားနေခဲ့သည်။ သူတကယ်ပဲ ရှုံးအောင်ကစားပေးမှာလားဆိုတာကို သိချင်နေသည်။ သူ့ချစ်သူက သူ့ကို အရမ်းကိုအလိုလိုက်လွန်းသည်။ ဒီပွဲမှာတော့ ဒီလိုပဲဖြစ်နိုင်မလားဆိုတာ သိချင်မိသည်။ ကစားနေသည့် ပွဲတလျှောက် လောရင့်က တကယ်ကြီးကို အလျှော့ပေးနေခဲ့တာဖြစ်သည်။ အစက တစ်ဖက်အသင်းကလူတွေက လောရင့်တို့ကို အထင်ကြီးထားသော်လည်း အခုတော့ တကယ်မကစားနိုင်သလိုမျိုးမို့ လှောင်ပြောင်ချင်ကြသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now