Part-106

5.6K 631 42
                                    

Uni

“ဝူရီ ဝူရီ”

အခန်းတံခါးရှေ့မှာ ရပ်၍ အတန်ကြာအသံပြုလိုက်မှ ထိုကောင်လေးက ထွက်လာသည်။ ဘာဖြစ်လို့လဲ ဟုမေးနေသော မျက်ဝန်းတို့အား ကြည့်ရင်း သူ ရယ်ပြလိုက်မိသည်။

“ဝူရီ ငါလေ ခေါင်းလျှော်တာ dryerပျက်သွားလို့ အဲ့တာ မင်းဟာကို ခဏငှားလို့ရမလား”

ဝူရီက မျက်မှောင်ကျုံ့ကာ သူ့အခန်းသူပြန်ဝေ့ကြည့်သည်။ အမြဲလိုလိုသန့်ရှင်းနေတတ်ပေမဲ့ မှောင်ရိပ်သမ်းနေလေ့ရှိသော အခန်းသည် ဘယ်နေရာမှာဘာရှိသည်ဆိုတာကို ရှင်းရှင်းလင်းလင်းမတွေ့နိုင်ဘဲ ဖြစ်လျှက်။

“ကျွန်တော်လည်း မသုံးတာကြာတော့ ဘယ်နားထားလဲ မသိတော့ဘူး။ ကိုယ့်ဟာကိုယ် ရှာကြည့်မလား”

“မင်း အဲ့တာမသုံးဘဲ တဘက်နဲ့ပဲ သုတ်နေတာလား”

“အာ... ဟုတ်တယ်လေ”

“ပြီးတာပဲ အာ့ဆို ငါရှာလိုက်မယ်နော်”

ကိုယ့်အခန်းလိုမျိုး ပိုင်စိုးပိုင်နင်းဝင်လာသော လူသားလေးကို သူလက်ပိုက်ကြည့်နေမိ၏။ စားပွဲခုံအောက်တွေ၊ နောက်ပြီး အံဆွဲတွေမှာ ကုန်းရုန်းရှာနေသော ကျွီးဟန်သည် dryerအပေါ်တွင်သာ လုံးလုံးအာရုံကျရောက်နေလေသည်။

“အောက်မှာ ဘာချက်ထားတာလဲ”

“အယ်... သေပြီ ပေါင်မုန့်ပေါင်မုန့်”

ပေါင်မုန့်တူးနံ့ရတာကြောင့် မေးလိုက်တော့ ကျွီးဟန်က ကပျာကယာထခုန်ပြီး‌ အောက်ဆင်းမည်ပြုသည်။ သို့သော် ခုချိန်ထိ မခြောက်နိုင်သေးသော ဆံပင်တို့ကိုကြည့်ရင်း သူပဲသွားဖို့ ဆုံးဖြတ်လိုက်သည်။ မတော်လို့ နေမကောင်းဖြစ်ကာမှ သူပဲ စိတ်ပူနေရဦးမယ်လေ။

“နေတော့ ကျွန်တော် သွားလိုက်မယ်။ ဆံပင်တွေကိုသာ သေချာလုပ်လိုက်။ ရှာရမှာကြာမယ်ဆိုလည်း တဘက်နဲ့ပဲ သုတ်လိုက်တော့”

အသံသာကျန်နေခဲ့တာ လူကတော့ အခန်းပြင်ရောက်သွားပြီဖြစ်တာကြောင့် ကျွီးဟန်ပြုံးလိုက်မိသည်။ သူကလည်း သူပဲ။ တကယ် နမော်နမဲ့နဲ့။ ဟူး... dryerဆိုတော့ အံဆွဲတွေထဲမှာလည်း မရှိဘူး။ စားပွဲခုံအောက်က ဂျတ်စက္ကူပုံးထဲလည်း မရှိဘူး။ ဗီရိုထဲမှာများ ရှိမလားမသိဘူး။ သူဆို ဗီရိုအောက်ထစ်တစ်ခုမှာ ထားနေကျဆိုတော့ ဝူရီလည်း ဒီလိုထားတာဖြစ်နေမလား။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now