Part_60

7K 823 69
                                    

Uni

“မေမေ ကျွန်တော်......ဂျွန်ဝူးနဲ့ လက်ထပ်ပြီးပြီ”

“ဘာ? ပြန်ပြောလိုက်စမ်း။ ငါကမင်းကို အဖမ်းခံရတယ်ထင်ပြီးစိတ်ပူနေတာ။ မင်းက ဘာရယ်? လက်ထပ်တယ်?”

“ယောက္ခမကြီး။ အင်းထယ်အမှားမဟုတ်ပါဘူး။ ကျွန်တော်ပဲ လုပ်ခဲ့တာမို့ ကျွန်တော့်ကိုပဲ အပြစ်ပြောပေးပါ။”

“ဘာ?”

မစ္စစ်ချူက ဒေါသထွက်နေပေမဲ့ ဂျွန်ဝူးကိုတော့ အပြစ်မတင်ရဲပေ။ ဒီကိစ္စက ဘယ်လိုပဲဖြစ်နေပါစေ။ ဂန်ဂျွန်ဝူးဆိုသည့်လူက သွားထိလို့မရမည့်လူမှန်းတော့ သူမ ကောင်းကောင်းသိသည်။ ဒါပေမဲ့ဘယ်ကဘယ်လိုတွေဖြစ်သွားကြတာလဲ။ သူတို့နှစ်ယောက်က ဘယ်တုန်းကတွေ့ပြီးကြိုက်သွားတာလဲ။ ဂန်ဂျွန်ဝူးက သူမသားကို လိမ်ညာလက်ထပ်ပြီး ပစ္စည်းတွေကို ရအောင်လုပ်တာများလားလို့တွေးရအောင်လည်း ဂန်ဂျွန်ဝူးက သူမတို့ထက်ပိုချမ်းသာနေတာမဟုတ်ဘူးလား။ ဒါဆိုဘယ်သူကဘယ်သူ့ကို မြူဆွယ်လိုက်တာလဲ။

ခေါင်းရှုပ်နေပြီဖြစ်တာကြောင့် သူမမှာ မျက်စောင်းထိုးဖို့နဲ့ နှုတ်ခမ်းကိုက်ဖို့သာ လုပ်နိုင်သည်။ ကျန်တာဘာတစ်ခုမှမပြောနိုင်တော့။ ဧည့်သည်တွေအများကြီးရှေ့မှာမို့ ထိန်းသည့်အနေဖြင့်လည်း ပါပါသည်။

“ခေါင်းဆောင်ဂန် ကျွန်မတို့ တစ်နေရာရာမှာစကားပြောလို့ရနိုင်မလား။”

“ရတာပေါ့။ ယောက္ခမကြီး။ ကြွပါ။”

ဂျွန်ဝူးက အနီးရှိ အပန်းဖြေအိမ်အသေးစားလေးကို ညွှန်ပြကာ အင်းထယ်လက်ကိုတွဲ၍ ရှေ့ဆုံးမှခေါ်သွားလေသည်။ လက်အောက်ငယ်သားတွေကတော့ အခြေအနေကိုကြည့်ရင်းဖြင့် ပွဲကိုထိန်းနေရသည်။ သူတို့ခမျာလည်း ခေါင်းဆောင် အတင်းအကြပ်လက်ထပ်လိုက်သည့်ကိစ္စကြောင့် ဘယ်အချိန်မင်္ဂလာပွဲပျက်မလဲဆိုတာပဲ စိုးရိမ်နေရသည်။

“အဲဒီတော့ နှစ်ယောက်သားက ချစ်လို့လက်ထပ်ကြတာပေါ့?”

မစ္စစ်ချူ၏မေးခွန်းသည် ဂန်ဂျွန်ဝူးဆီကိုဦးတည်နေသော်လည်း ဂျွန်ဝူးက အင်းထယ်ကိုကြည့်လိုက်ခြင်းအားဖြင့် မေးခွန်းကိုရှောင်လွှဲလိုက်သည်။ မစ္စစ်ချူ၏မျက်လုံးက အင်းထယ်ဆီကိုရောက်လာပြီဖြစ်တာကြောင့် အင်းထယ်က သူ့လည်ပင်းတစ်ဝိုက်တင်းကြပ်နေသလိုခံစားလိုက်ရသည်။ သူ့ချစ်သူက တကယ်ကိုလည်လွန်းပါသည်။ မဟုတ်မှ သူ့ချစ်သူရဲ့ဘဝမှန်က ပန်ကာများလားလို့တောင် တွေးချင်မိသည်။ ဒီမေးခွန်းကို သူက ကျိန်းသေပေါက် ဟုတ်တယ်လို့ဖြေရမှာလေ။ အဲဒီတော့ သူ့ခမျာ မူတောင်မမူနိုင်ဘဲ သူ့ချစ်သူကို ချစ်ကြောင်းအဖြေပေးသလိုဖြစ်သွားမှာပေါ့။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now