Part 14

12K 1.3K 33
                                    

ဆိုင်နိုအိမ်ပြန်ရောက်တာနဲ့ သန့်စင်ခန်းထဲဝင်၍ မှန်ပြေးကြည့်နေလေသည်။ ဟုတ်သည်လေ။ သူလဲ သူ့ပုံစံအသစ်ကို မြင်ချင်လှပြီ။ စီရမ်တောင်ဒီလောက်ချောတာ သူလဲ ချောမှာသေချာတယ်။ သန့်စင်ခန်းရဲ့မှန်ရှေ့ရောက်တော့ သူနဲနဲမင်သက်သွားသည်။

မှန်ထဲကကောင်လေးသည် ဖြူဖျော့ဖျော့အသားအရည်နှင့် မျက်မှန်ဝိုင်းလေးကို တပ်ကာ မတ်တပ်ရပ်နေလေသည်။ မျက်လုံးတွေက ဝိုင်းစက်ကြည်လင်နေကာ ချစ်စရာကောင်းလွန်းလှသည်။ မျက်တောင်ရှည်ကော့ကော့တွေက မျက်မှန်နှင့်ဖုံးနေပေမဲ့ မျက်ဝန်းရဲ့အလှကို ပံ့ပိုးပေးနိုင်သေးသည်။ ဒီကောင်လေးရဲ့နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်ကာ ပန်းသွေးရောင်ဖျော့ဖျော့လေးလွှမ်းနေသည်။

အညိုရောင်ဆံပင်ပျော့ပျော့တွေက မျက်နှာတစ်ဝက်လောက်ကို အုပ်နေသဖြင့် ဆိုင်နိုရဲ့ ချောမောမှုတွေက တိမ်မြုပ်နေရသည်။ ကိုယ်လုံးသေးပေမဲ့ အရပ်ရှည်တာမို့ တစ်မျိုးလေးချစ်စရာကောင်းနေသည်။ ဒီကောင်လေးက တကယ်ကို သရုပ်ဆောင်လုပ်ရင်အောင်မြင်မှာပဲ။ ဆိုင်နိုက သူ့ချောမောမှုကို ထုတ်ဖော်ရန်ဆန္ဒမရှိပေ။

ဒီတက္ကသိုလ်မှာ သူရုပ်ချောနေလို့လဲ ဘာမှအထောက်အကူဖြစ်မှာမဟုတ်။ ဒီဘဝမှာ သူမြူဆွယ်ရမည့်လူလဲ မရှိသောကြောင့် ဖြစ်သည်။ မြူဆွယ်ရမည့်လူဆို၍ နေ့လည်က ရနံ့ကို သတိရသွားပြန်သည်။ ခြောက်ကပ်ကပ်တိုက်ခန်းလေးထဲက အိပ်ရာခင်းပေါ်လှဲချကာ သက်ပြင်းတွေချလိုက်သည်။ ရန်ပိုင်ရှင်း .....တကယ်သာမင်းဆို သိပ်ကောင်းမှာပဲ။

ဘေးကိုစောင်းလိုက်ရာ ခုတင်ဘေးကခုံမှာတင်ထားသော မိသားစုဓာတ်ပုံလေးကိုမြင်နေရသည်။ နေပါဦး။ သူရုတ်တရက်ပြန်ထကာ မီးပြန်ဖွင့်လိုက်ပြီး ဓာတ်ပုံကို အနီးကပ်ကြည့်လိုက်သည်။ သူတို့မိသားစုဓာတ်ပုံမှာ အဖေရယ် အမေရယ်ဆိုင်နိုရယ်က အညိုရောင်ဆံပင်တွေဖြစ်ပါလျက်နဲ့ စီရမ်ကျမှ ဘာလို့ရွှေရောင်လဲ။ အိုး......ဟုတ်သားပဲ။ ငါကတုံးလိုက်တာ။ ဆိုးထားတာနေမှာပေါ့ဟ။

သူကအိပ်ရာပေါ်ကို ပစ်လှဲချကာ ရန်ပိုင်ရှင်းအကြောင်းကိုသာ ပြန်တွေးနေလိုက်သည်။ ခင်ဗျားကို သိပ်လွမ်းတာပဲ။ဖြစ်နိုင်ရင် အရင်လို ခင်ဗျားနန်းဆောင်ထဲ အပိတ်ခံချင်သေးတယ်............။တစ်ဖက်မှာလဲ နန်းတော်တမျှခမ်းနားလှသော အိမ်ကြီးထဲက ရွှေရောင်ဆံပင်နဲ့ကောင်‌လေးသည် ထူးထူးခြားခြား ခုန်လာသောနှလုံးသားနှင့်ပတ်သတ်၍ တွေးတောနေလေသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now