Part_52 (Arc_5)

10.4K 969 27
                                    

Uni

ဒီဘဝမှာလည်း သူတို့နှစ်ယောက်က အသက်ဆုံးသည်အထိအတူတူနေသွားကြရသည်။ သူတစ်ခုစိတ်မကောင်းဖြစ်တာက ဒီဘဝကဇနီးမောင်နှံနှစ်ယောက်ကတော့ အဆုံးသတ်မလှကြတာကိုပဲဖြစ်သည်။ ထွန်းကြွယ်ကြိုးပေးအသတ်ခံရပြီးမကြာမီမှာပင် သင်းပျံ့မွှေးလဲ ဆုံးပါးသွားတော့သည်။ သူက စိတ်မကောင်းရုံအပြင်ဘာကိုမှမလုပ်နိုင်တော့ပေ။

ဓားထိုးခံရမှုကြောင့် သူ့မိဘတွေက ဘုန်းသရေနှင့်အတူတူနေဖို့ကို အမျိုးမျိုးကန့်ကွက်ခဲ့ကြပေမဲ့ နောက်ဆုံးတော့လည်း အကုန်အဆင်ပြေသွားခဲ့ကြသည်။ ဘုန်းသရေက မော်လမြိုင်မှာပဲ ဇင်ယော်တွေကိုကြည့်ရင်း သူ့ပေါင်ပေါ်မှာတင် အေးဆေးစွာဆုံးပါးသွားတာဖြစ်သည်။ အဲဒီနောက်တော့ သူက ကျန်ရှိသည့် သူ့ဘဝအချိန်အားလုံးကို မော်လမြိုင်မှာပဲ ကုန်ဆုံးစေခဲ့သည်။

ဒီတစ်ခါမှာတော့ သူ တိမ်ဖြူတွေကြား ရက်အနည်းငယ် ထပ်ပြီးနေလိုက်သည်။ ထွန်းကြွယ်တို့ ဇနီးမောင်နှံအတွက် စိတ်မကောင်းတာကြောင့်ဖြစ်သည်။ သူစုံမက်ပေးရသည့် စုံတွဲအများစုက အဆုံးသတ်ကောင်းကြတယ်မဟုတ်လား။ နောက်ဆုံးတော့လည်း သူ့ခံစားချက်တွေအနယ်ထိုင်လာကာ ငါးခုမြောက်ဘဝဆီသို့ ရောက်ရှိသွားသည်။

သူနိုးလာချိန်တွင် သူ့အနားမှာအမျိုးသမီးအစေခံတွေက ခါးကိုကိုင်း၍ ဦးညွတ်နေကြကာ လိုအပ်သည်ကို ပြင်ဆင်ပေးရန်အသင့်ရှိနေကြသည်။ ထိပ်ဆုံးမှအစေခံအမျိုးသမီးကြီးသည် သူ့စောင်ကို ချက်ချင်းခေါက်သိမ်းပေးကာ အဝတ်အစားကိုအသင့်ထုတ်ပေးထားသည်။

"ဘာလိုအပ်ပါသလဲသခင်လေး။"

"ရပါတယ်။ အားလုံးထွက်သွားပေးပါ။"

မိန်းကလေးအားလုံးသည် သူ့ကိုတစ်ချက်ဦးညွတ်ကာထွက်သွားကြသည်။ ခုနက သပ်သပ်ရပ်ရပ်ခေါက်ပေးထားသော အိပ်ရာပေါ်ကို ပစ်ထိုင်လိုက်ကာ ခေါင်းကိုနှိပ်၍ ဇာတ်ကြောင်းကိုတွေးကြည့်လိုက်သည်။ သူအခုဝင်ထားသည့် လူနာမည်က ချူအင်းထယ်ဖြစ်သည်။ ဒီမိသားစုက ဂျာမျိုးရိုးဖြစ်ပေမဲ့လည်း ချူအင်းထယ်က သူ့အမေ၏ချူမျိုးရိုးကိုသာ ဆက်ခံထားခဲ့သည်။ ဘာလို့ဆို သူ့အမေနှင့်သူအဖေက သူငယ်ငယ်လေးကတည်းက ကွဲသွားတာဖြစ်ကာ သူ့မှာ မိထွေးနှင့် ဖအေတူမအေကွဲညီတစ်ယောက်ရှိသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now