Part-93

5.3K 720 17
                                    

Uni

အလုပ်လျှောက်စာတင်ပြီး နာရီဝက်လောက်ကြာအောင် ဂိမ်းထိုင်ဆော့နေလိုက်သည်။ ခဏကြာတော့ ဦးလေးက ညစာစားဖို့ လာခေါ်သည်။

“ရှင်းချောင် အောက်ကို မြန်မြန်ဆင်းလာခဲ့တော့။ အကုန်ပြင်ထားပြီးပြီ။”

“ဟုတ်ကဲ့”

ကွန်ပျူတာကိုပိတ်ကာ အောက်ကိုဆင်းလာတော့ အလုပ်ကဝတ်စုံတောင် မလဲရသေးသော ဦးလေးနှင့် အခြားဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုတစ်ယောက်က လက်ကြောတွေထင်းနေကာ လုံးဝDaddy typeကြီး။ သူ့ဦးလေး နုနုဖတ်ဖတ် နဲ့ယှဥ်လိုက်ရင် အတော်လေး ကွာခြားသည်ဟု ဆိုရပေမည်။ သို့ပေမဲ့ ထိုကွာခြားခြင်းကပဲ လိုက်ဖက်ခြင်းကို ဖြစ်စေတယ်မဟုတ်လား။

“ရှင်းချောင် ဒါက ငါ့အလုပ်ကလေ ဦးလေးသွေ့လို့ခေါ်လို့ရတယ်”

“အဟမ်း ဒါကျွန်တော့်တူလေးပါဗျ”

“တွေ့ရတာဝမ်းသာပါတယ်။ ကိုယ် ထမင်းလာစားတာ ဘာပြဿနာမှမရှိဘူးမလား”

“သေချာပေါက်ပါပဲ ဦးလေးသွေ့။ ကျွန်တော့်ဦးလေးကို အလုပ်မှာ ဂရုစိုက်ပေးပါဦးနော်။ သူက ဦးဆောင်နေရတဲ့လူဆိုပေမဲ့ တစ်ခါတလေ စိတ်ပျော့တတ်တယ်”

“ရှင်းချောင် မင်းငါ့ကို သူများရှေ့မှာ imageချဖို့ ကြံစည်နေတာလား”

“ဟားဟား ကျွန်တော် မလုပ်ရဲပါဘူး။ ဦးလေးတို့ ကျွန်တော်သိပ်မဆာသေးတာမို့ နှစ်ယောက်ပဲ စားလိုက်ပါနော်။ ကျွန်တော့်အတွက်နည်းနည်းချန်ပေးထားရင်ရပြီ”

“ပြီးရော”

ဦးလေးရှေ့မှ စပ်ဖြဲဖြဲနှင့်ထွက်လာခဲ့ကာ ဝရန်တာဘက်ပြေးသည်။ ဝရန်တာကနေလှမ်းကြည့်ရင် ထမင်းစားတဲ့နေရာဘေးက ပြတင်းပေါက်ကိုတန်းခနဲမြင်ရသည်။ မှန်ပြတင်းပေါက်မို့ လိုက်ကာမချသေးသ၍ အကုန်မြင်ရမှာ အမှန်ပင်။ ဒါမျိုးဆိုတာ အကဲခတ်ရမယ်မဟုတ်လား။ ကိုယ့်မှာဦးလေး တစ်ယောက်ပဲရှိတယ်။ မတော်တရော်တွေနဲ့ ရသွားလို့မဖြစ်ဘူးလေ။

ချောင်းကြည့်လို့ ဘာမှမမြင်ရသေးခင်မှာပဲ ဖုန်းက နိုတီသံထွက်လာသည်။ ဖုန်းလာတာမဟုတ်ဘဲ Email ဝင်နေတာဖြစ်သည်။ တစ်ချက်စစ်ကြည့်လိုက်တော့ CL က အလုပ်ခန့်စာ။ နာရီကို တစ်ချက်မြှောက်ကြည့်လိုက်သည်။ အလုပ်လျှောက်တာ တစ်နာရီခွဲပဲရှိသေးတယ်။ ချက်ချင်းကြီးရတာက နည်းနည်းထူးဆန်းမနေဘူးလား။ လည်ပင်းကို အနည်းငယ်ပွတ်မိသွားသည်။ ဘာပဲပြောပြော မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူနှင့် ရလာသည့်အလုပ်ပေမို့ စိတ်ကြည်သွားသည်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now