Part 9

11.4K 1.4K 22
                                    

Zawgyi

ထနေကျ အချိန်ရောက်သည်ထင့်။ မျက်လုံးတွေက အလိုလိုပွင့်လာခဲ့သည်။ မျက်လုံးကို ကျယ်အောင်မဖွင့်နိုင်မီ မနေ့က အဖြစ်အပျက်တွေက ခေါင်းထဲဝင်လာကာ ယွင်လုမျက်လုံးတွေက တဖြေးဖြေး ပြူးကျယ်လာတော့သည်။ ငါလည်ပင်းအစ်တယ်မှတ်ပါတယ်။ ရန်ပိုင်ရှင်းက ငါ့ကိုဖတ်ထားတယ်ထင်တယ်။ ငါတော့ ဒုတ်ခွပဲ။ ညက ကိုယ့်အဆောင်ကိုယ်ပြန်မအိပ်မိဘူး။ သူကလဲ ဖက်လုံးမရှိတာကျလို့။ ငါအသက်ရှူကြပ်ပြီး သေတော့မယ်ဟဲ့။

သူ့မှာ လွှတ်ပါဟူ၍လည်းမပြောရဲသဖြင့် လည်ပင်းအစ်သည့်ဒဏ်ကို ခံစားကာ ထိုဘုရင် အိပ်ပုပ်နိုးလာမည့်အချိန်ကို စောင့်ရလေသည်။ ဘုရင်ကလဲ အိပ်ဆိုလို့ ညီလာခံမရှိတဲ့အတိုင်းပဲ။ ‌ညီလာခံ? ဒီနေ့ညီလာခံရှိတာပဲ။ ဒါဆိုခဏနေကုန်းကုန်းလေးက လာခေါ်တော့မှာလေ။ ဒီတိုင်းကြီးမြင်သွားရင်....

"ချလွမ်။"

တွေးလို့မှ မဆုံးသေး ကုန်းကုန်းတုတ်တံလေးပြုတ်ကျကာ မျက်လုံးကြီးပြူးနေသော ကုန်းကုန်းလေးက အပေါက်ဝကြီးမှာ ရပ်လို့။ သူ့လဲ ထိုင်မရ ထမရနဲ့။ ဘာမှမဖြစ်ပါဘူးလို့ ရှင်းပဲပြရမလား။ အထင်လွဲခံပြီးတော့ပဲ လက်ဆက်ရ‌အောင်ကြံစည်ရမလား မတွေးတတ်အောင်ပင်။

"မမလေးယွင်"

ကုန်းကုန်းလေးက ရန်ပိုင်ရှင်းလဲ မနိုးရအောင် လေသံကလေးဖြင့်ခေါ်ရှာသည်။

"အေး။ ပြော"

"အပြင်မှာ စစ်ပွဲသတင်းရလို့တဲ့။ အရှင့်အထောက်တော်တွေရောက်နေတယ်။ ကျွန်တော် အရှင့်ကိုမနှိုးရဲလို့ မမလေးယွင်ပဲ လုပ်ပေးပါနော်။ ကျွန်တော်အပြင်ကလူ‌တွေကို အချိန်ဆိုင်းခိုင်းလိုက်ပါ့မယ်။"

"ကောင်းပြီ။ မြန်မြန်သွား။"

နှစ်ယောက်သားက လေသံလေးတွေဖြင့်ပြောဆိုပြီးနောက် ကုန်းကုန်းလေးက ပြာယီးပြာယာဖြင့် ထွက်သွားလေသည်။ သူ့မှာ ရန်ပိုင်ရှင်းရဲ့ ဖက်လုံးနေရာက မနဲရုန်းထွက်ရကာ ရေနွေးဆွတ်ထားသော ပိုးပဝါစလေးဖြင့် ရန်ပိုင်ရှင်းမျက်နှာကို အသာအယာသုတ်ပေးရသည်။

ဒါတောင် မနိုးနိုင်သေးသဖြင့် အသံပေးကာ နှိုးရချေသည်။ နှိုးရတာလဲ ခပ်လန့်လန့်ပါပေ။ တော်ကြာ သူ့အိပ်ရေးဖျက်ရပါ့မလားဆိုပြီး ထောင်နန်းစံရမှဖြင့်။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now