Part-105

5K 678 21
                                    

Uni

“အစ်ကိုလေးက သူပင်ပန်းလို့ နားနေတာမို့ ဘယ်သူ့ကိုမှမလာစေချင်ဘူးလို့ ပြောထားပါတယ်ခင်ဗျ”

ယောင်ဖေး စိတ်ရှုပ်စွာဖြင့် ဆံပင်ကြားထဲသို့ လက်ချောင်းတွေကို ထိုးထည့်လိုက်သည်။ သူ ဒီနေ့ ကုမ္ပဏီမှာ အရှုပ်ထုတ်ကြီးကို ကိုင်တွယ်ဖြေရှင်းလာတာ။ အမှန်အတိုင်းပြောရရင် မတ်တပ်တောင် ရပ်ချင်တဲ့ အားရှိတော့တာမဟုတ်ဘူး။ ဒါပေမဲ့ တွေ့နေကျကောင်လေးကို မတွေ့ရသေးတာမို့ အမောက ဘယ်လိုလုပ်လုပ်ပြေမှာမဟုတ်မှန်းသိသည်။ ဒါကြောင့် ကောင်လေးအိမ်သို့သွားကာ ကောင်လေးပေါင်ပေါ်မှာ အိပ်ချင်ပါတယ်ဆိုမှ ရှင်းချောင်ဆိုသော ထိုသတ္တဝါလေးသည် ဘာတွေဖြစ်နေမှန်းမသိ။ မဟုတ်မှ... သူ့ကိုရုံး ၃လလောက်နားခိုင်းလိုက်လို့ စိတ်ကောက်နေတာများလား။

ဒီကောင်လေးတော့လေ။ သူ့လူက သူဌေးတစ်ယောက်လုံးဖြစ်နေတာပဲဟာ ဘာြဖစ်ချင်တယ်ဆိုပြီး တိုက်ရိုက်ပြောရင်ပြီးရော။ ဒါကို စိတ်အပင်ပန်းခံပြီး စိတ်ကောက်နေရတယ်လို့။ ဒီကလေးလေးကတော့ တကယ်ပဲ။

“သူ့ သူဌေးလို့ သွားပြောပေးပါ။ သူဝင်ခွင့်ပြုမှာပါ”

“အာ... ဟုတ်ကဲ့ ကောင်းပါပြီ”

ခြံစောင့်ဦးလေးကြီးက မသွားချင်သွားချင်ပုံမျိုးနှင့် တွန့်ဆုတ်တွန့်ဆုတ် ထွက်ခွာသွားလေသည်။ သိပ်မကြာလိုက်။ အိမ်ထဲမှ ကောင်လေးတစ်ယောက် ပြေးထွက်လာ၏။ ဆံပင်အပြာဖောက်ကလေးသည် ဖြီးသင်ထားခြင်းမရှိတာ သိသာစွာကိုပဲ ရှုပ်ပွလို့။ ရှပ်အင်္ကျီပြောင်တစ်ထည်နှင့် ဘောင်းဘီ ဒူးလောက်ကိုဝတ်ထားသော ကောင်လေးသည် သူ့အတွက် ကလေးလေးလိုပင်။

“သူဌေး ဒီနေ့ အလုပ်မှာ အကုန်အဆင်ပြေလား။ ကျွန်တော်စိတ်ပူနေတာ”

“အကုန် အဆင်ပြေပါတယ်။ ဒါပေမဲ့ စိတ်ပူတယ်ဆိုတဲ့လူက ဖုန်းတစ်ချက် မဆက်တော့ ကိုယ်က အိမ်ထိလိုက်လာရတာပေါ့။”

“အာ... အဲ့တာက တမင်မဆက်တာမဟုတ်ပါဘူး ဟို... ကျွန်တော် နည်းနည်းပင်ပန်းနေလို့”

“ဘာလို့လဲ ဘာကိစ္စရှိလို့ပင်ပန်းတာလဲ ကိုယ့်ကိုပြောပြမလား”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now