Part-104

4.7K 698 33
                                    

Uni

“ကျွန်တော် အပြင်မှာပဲနေခဲ့မယ်။ မြန်မြန်လုပ်ပြီး ပြန်ထွက်လာခဲ့။ တစ်ခုခုဆိုရင် လှမ်းခေါ်လိုက်။”

ခပ်တိုးတိုးပြောရင်း အပြင်မှာကျန်နေခဲ့သော ဝူရီကို ခေါင်းညိတ်ပြ၍ အထဲဝင်ပြီးကာမှ သူ့မှာ ဝူရီ့ဖုန်းနံပါတ်မရှိကြောင်း သတိရမိသည်။ ဒါနဲ့များ သူက ဝူရီ့ကို ဘာနဲ့လှမ်းခေါ်ရမှာလဲ။ အပေါ်ထပ်ကနေပြတင်းပေါက်ဖွင့်ပြီး ဝူရီရေ လို့ပဲအော်ခေါ်ရမလား။ ဒါမှမဟုတ် စိတ်ချင်းဆက်နွယ်နေသူတွေလို နားထင်လေးထောက်ပြီး ဝူရီရေ ငါ့ဆီလာခဲ့တော့ ဆိုပြီးပဲ ခေါ်ရမလား။ တကယ်ပါပဲ။ အဲ့ကောင်လေးဟာလေ ဖုန်းနံပါတ်ကျ မပေးဘဲ ခေါ်လိုက်တဲ့။ ပြန်ထွက်လာမှ တောင်းရပါဦးမယ်။

လမ်းတလျှောက်လုံး ဘုရားတလာခဲ့ကာ CCTV ခန်းသို့ရောက်လာခဲ့သည်။ လုံခြုံရေးဦးလေးကြီး၏ အကူအညီဖြင့် ညကြီးမင်းကြီးဖြစ်သော်လည်း CCTVဝန်ထမ်းဦးလေးကြီးတစ်ယောက် လာစောင့်နေပေးသည်။

“ကျွန်တော် အားနာလိုက်တာ။ ကျွန်တော့်ကြောင့် ဒုက္ခများရပြီ”

“အာ... မဟုတ်တာ။ ဒါက ကျွန်တော့်တာဝန်ပါပဲ။ ဒါရိုက်တာကြီး ဘာကိုကြည့်ချင်တာများလဲ”

“အယ်... “

သူပြောမယ်ကြံပြီးမှ တစ်ခုသတိရသည်။ အဲ့ငွေလွှဲတဲ့အချိန်တွေကို သူမှမသိဘဲ။ ဘယ်လိုကြည့်ရမှာလဲ။ မျှော်လင့်ချက်ကလေး ယိုင်နဲ့နဲ့နှင့် လင်းရီကိုဖုန်းဆက်တော့ လင်းရီက အချိန်တွေကို သူ့အားပြောပြရှာသည်။ တော်ပါသေးရဲ့။ လင်းရီတော့ သူ့ကိုယုံနေသေးလို့။ ထိုအချိန်တွေကို ကြည့်ခိုင်းလိုက်တော့ ဖုန်းရှိရာ ရုံးခန်းCCTVက ပြတ်တောက်ပြတ်တောက်ဖြစ်နေသည်။ သို့သော်လည်း ကံတရားက ကျွီးဟန်အပေါ် သိပ်တော့ မရက်စက်ချေ။ ထိုအချိန်ကွက်တိမှာပင် ကော်ရစ်တာဘက်မှာ လမ်းလျှောက်နေသော သူ့ရုပ်ပုံကိုတွေ့ရသည်။ မြတ်စွာဘုရားနှင့် တရားမျှတမှုကို စောင့်ရှောက်သော နတ်မင်းများအား ကျေးဇူးတင်စွာဖြင့် သူဦးချမိသည်။ မျက်ရည်တောင် လည်လာတာမျိုး။ တော်ပါသေးရဲ့လေ။

တစ်ခုခုထပ်လွဲမှာစိုး၍ ချက်ချင်းပင် ထိုvdကို ကူးယူခိုင်းလိုက်သည်။ အားလုံးပြီးစီးလို့ ထွက်လာတော့ ညကိုးနာရီရှိပြီ။ ညနက်နေပြီး အေးနေပြီဖြစ်ပေမဲ့ သူအေးတယ်လို့မခံစားရ။ စိတ်ဖိအားများမှ လွတ်ကင်းမှုကြောင့် သူပျော်ပင်ပျော်နေပါသေးသည်။ လက်လေးကိုယမ်းကာ အပြင်ကိုထွက်လာတော့ သူမဝင်ခင်တုန်းကအတိုင်း တစ်စက်မှပြောင်းလဲခြင်းမရှိဘဲ ရပ်နေသော ဝူရီကိုတွေ့ရသည်။ လမ်းမီးတိုင်အောက်က ဝူရီ့ပုံက တစ်မျိုးထူးဆန်းနေသလိုလိုပင်။ ဆောင်း၏ မြူနှင်းကြားမှာမို့လားမသိ။ ဝူရီ့ပုံစံက ခပ်ဝါးဝါး။ နီရဲစိုစွတ်နေသော နှုတ်ခမ်းလွှာတို့ကို အကြည့်ရောက်မိရာ သူ့ခြေလှမ်းတွေရပ်တန့်သွားရသည်။ ထိုမှတဆင့် ခပ်စင်းစင်းနှာတံနှင့် အမြဲလိုလို စူးလက်နေသော မျက်ဝန်းနှစ်ဖက်။ ကာချယ်ချယ်ထားသော မျက်လုံးထောင့်စွန်းတွေက ကောင်လေးကို ပိုပြီးချောမောစေသလိုလို။ Bad Boy Styleလေးနဲ့ ထိုကောင်လေးဟာ အမည်းကိုတော့ အတော်ကြိုက်သည့်ပုံ။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now