Part_42

7.3K 1K 40
                                    

Uni

ကားတံခါးကိုမှီထားတဲ့သင်က ဘာမပြောညာမပြောနဲ့ကားထဲဝင်ထိုင်လိုက်သည်။ ဘုန်းသရေနှင့်တကွ သူ့မိဘတွေက သူ့ကိုဖြတ်ခနဲလှည့်ကြည့်ကြသော်လည်း သူဂရုစိုက်မနေတော့ပါ။ ချေွးတွေကို စင်အောင်သုတ်လိုက်သည်။ ဒီလူကြီးက တကယ်သိနေတယ်ဆိုတာ သူယုံသည်။ သူလုံးဝကိုယုံပါသည်။ ဒါကြောင့်လည်း သူတုန်လှုပ်နေတာဖြစ်သည်။ နဂိုကမှ ကိုယ့်ကိုယ်ကိုယ် အပြစ်ကျူးလွန်တယ်ဆိုပြီး စိတ်မသန့်ရသည့်အထဲ သူများကပါ သိကုန်ပြီဆိုတော့ ပိုဆိုးကုန်သည်။

“ဪ......မောင်ဘုန်း။ ဦးလေးတို့နဲ့အတူတူလိုက်ပြီး ညစာစားပါလားကွ။ မင်းကတစ်ယောက်ထဲဒီမှာလာနေရတာဆိုတော့ အစားအသောက်ကို ဘယ်မှာအတည်တကျစားနိုင်လိမ့်မလဲ။ မင့်ဒေါ်ဒေါ်လက်ရာက အတော်ကောင်းတာမို့ နောင်တရစရာမရှိပါဘူးကွယ်”

“ဟုတ်တယ်သားရဲ့။ ဒေါ်ဒေါ်တို့နဲ့လိုက်ခဲ့ပါကွယ်။ ကိစ္စအထွေအထူးမရှိဘူးမဟုတ်လား”

“ဪ......ဟုတ်ကဲ့ဦးဘသင်။ ဒီလိုဆိုလည်း ကျွန်တော် အားနာမနေတော့ပါဘူး။ လိုက်စားပါ့မယ်”
“ဒုက်ခပဲ.......”
ကားထဲမှာထိုင်နေသည့် သင့်ဆီမှ ညည်းသံတိုးတိုးလေးထွက်လာသည်။ သင်တစ်ခုခုကို လေးလေးကြီးခံစားနေရသည်။ သူဒီလိုခံစားနေရပြီဆိုရင် တစ်ခုခုတော့ဖြစ်စမြဲပင်။ နောက်ပြီးထိုတစ်ခုခုသည် ဘုန်းသရေနှင့်ပတ်သတ်နေပါလိမ့်မည်။

“အ”
အတွေးတွေတနင့်တပိုးနှင့် ကားပေါ်ကအဆင်းမှာ ခလုပ်တိုက်မိတာကြောင့် တစ်ဖက်လူရင်ခွင်ထဲအော်တိုမစ်တစ်ရောက်ရှိသွားသည်။ ကားမောင်းလာတုန်း ကားမတိုက်တာပင် ကျေးဇူးတင်စရာကောင်းလှသည်။ လန်သွားသောခြေသည်းကို အာရုံစိုက်မိသော်လည်း နှာခေါင်းဝကိုတိုးလာသော ပူရှိန်းနံ့လေးကြောင့် သူ့ခေါင်းထဲမှာ အချက်ပေးသံတွေဆူညံနေသည်။ ခေါင်းကိုမော့ကြည့်လိုက်တော့ ဘုန်းသရေရဲ့မျက်နှာကြီးကို မြင်လိုက်ရတာမို့ သူခဏတော့ကြက်သေသေသွားသည်။

“ရက်ချ်”

“အေး။ ဒီမှာရှိတယ်။ ဘာလဲပြော”

“တ...တကယ်ပဲ ဘုန်းသရေက ငါ့..ငါ့ချစ်သူ?”

“ဟုတ်ချင်ဟုတ်မှာပေါ့ဗျ”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now