Part-81

5.3K 807 57
                                    

Uni

ရှီလာ ဘာကိုမှနားမလည်နိုင်တော့။ ဒီတော့ အရှေ့ကကောင်လေးကိုပဲ မေးရပြန်သည်။

"နေစမ်းပါဦး ဘယ်ကဘယ်လိုတွေဖြစ်လာရတာလဲ။ ဒီကိစ္စတွေက"

"ဘော်ဟူလာနဲ့ ဆန်ဒိုက မဟာမိတ်ဖွဲ့ပြီး ဂျူယာကိုပရိယာယ်ဆင်လိုက်တာပါအရှင်"

သူမျက်မှောင်ကျုံ့မိသည်။ မဟာမိတ်ဖွဲ့တဲ့ကိစ္စက သူလည်းမသိရပါဘဲနဲ့ ဘယ်ကဘယ်လို? သူ့ခေါင်းထဲကို စကားတစ်ခွန်း လက်ခနဲဝင်လာသည်။ စစ်သူကြီးပြောလိုက်သည့် စကား......

(အ..အရှင်..သူ..သူက အပြစ်သားမဟုတ်ပါဘူး။ သူသာ အပြစ်ရှိတယ်ဆို ကျွန်တော်မျိုးလည်း အပြစ်ရှိတာပါပဲ။ ကျွန်တော်မျိုးကို အရင်စီရင်တော်မူပါ)

ဪ ဒီလိုသာဆို စစ်သူကြီးက ငါမသိခင်မှာ သူ့သဘောနဲ့သူလုပ်ခဲ့တာပေါ့။ ခွင့်လွှတ်လို့မရတဲ့ကိစ္စပေမဲ့ ဘော်ဟူလာ အန္တရာယ်ကင်းသွားတာကြောင့် ဒီကိစ္စကို သူအပြစ်တင်မနေချင်တော့ပါ။ အပြစ်ပေးချင်ရင်တောင် ဘော်ဟူလာကို ပြန်လို့မရတဲ့အခြေအနေမှာ သူရောက်နေတာမဟုတ်လား။

"ဧကရီ အဆင်ပြေပါရဲ့လား ဒဏ်ရာတွေရော နာနေသေးလားခင်ဗျာ"

အရှေ့ကကောင်လေးစကားကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။ လာပြန်ပြီ ဒီဧကရီဆိုတာကြီးက။ ဘယ်ကဘယ်လိုရောက်လာမှန်းမသိ။

"ဟေးဟေး ငါက ဧကရီမဟုတ်ဘူးနော်။ ဘော်ဟူလာဘုရင်ပဲ။ ဆင်ခြင်ပြောစမ်း"

"ခွင့်လွှတ်ပါဧကရီ အရှင်မင်းကြီးက အမိန့်ထုတ်ပြန်ထားလို့ပါ။ ဒီလိုမှမခေါ်ရင် ဒီအစေခံသေရမှာပါ"

ကြမ်းပြင်ကိုနှဖူးနဲ့တိုက်ရင်းပြောလာသည့် ကောင်လေးကြောင့် သူသက်ပြင်းချမိသည်။ ဒီလူကြီး ဘာတွေအကွက်ဆင်နေတာများလဲ။

"မင်းတို့ ဘုရင်က ဘာပြောထားလို့များလဲ။ ငါ့ကိုသေချာပြောပြစမ်း"

ရာဇသံအပြည့်နှင့်ပြောလိုက်တာကြောင့် ကောင်လေးက ကြောက်ကြောက်လန့်လန့်နှင့် ပြောပြရှာသည်။

"ဟို...ဟို ဧကရီ့ကိုခေါ်လာတဲ့နေ့တုန်းက...ဆန်...ဆန်ဒိုရဲ့ မိဘုရားခေါင်ကို အရှင်မင်းကြီးကိုယ်တိုင် သတ်ပစ်ခဲ့ပါတယ် ဧကရီ။ နောက်ပြီး သူပြောတာက ဒီနေ့ကစပြီး ဧကရီက အရှင်ပါပဲတဲ့။ ဆန်ဒိုရဲ့မိဖုရားခေါင်ကြီးသေသွားတာမဟုတ်ဘူး။ ဘော်ဟူလာရဲ့ဘုရင်သေသွားတာပါတဲ့။"

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now