Only part 34 zawgyi

4.3K 232 2
                                    


“မဖြစ်ဘူးနော်အဖေ”

“ဘာလို့မဖြစ်ရမှာလဲ။ ဒီမှာ ထဝီ အဖေမင်းကို တခြားမိန်းမတွေနဲ့သ‌ဘောမတူဘူး။ ပီယာက သူ့ခြေထောက်ပေါ်သူရပ်နိုင်ပြီး သန်မာတဲ့မိန်းကလေး။ ဒါကြောင့် မင်းကိုတွယ်ကပ်ပြီး ခြူစားမယ့်မိန်းမတွေနဲ့စာရင် အပုံကြီးသာတယ်။ မင်း ဒီလိုမိန်းကလေးမျိုးကို ဘယ်မှာ သွားရှာမလဲ”

“ဒါပေမဲ့ သူ့မှာ ချစ်သူရှိတယ်လေ အဖေ”

“မင်းကို သူကိုယ်တိုင်ကပြောလား?”

“အဲ့ဒါကတော့ ကိုယ်တိုင်မပြောပေမဲ့ ကျွန်တော်ကိုယ်တိုင်.........”

“တော်လိုက်တော့....”

ခွန်ထဝီ၏အဖေက သားရဲ့စကားကိုဖြတ်ပြောရင်း မျက်ခုံးနှစ်ဖက်ကို နှိပ်နေသည်။ သူ့ကြည့်ရတာ သူ့သားက သူစီစဉ်တာကို လက်မခံသည့်အပေါ် စိတ်ပျက်သွားပုံရသည်။

“ဒီလိုကြားစကားတွေဆိုတာယုံရတယ်လို့ အဖေမင်းကိုသင်ပေးခဲ့ဖူးလား”

“ကြားစကားဆိုရင် ကျွန်တော်ဗွေမယူပါဘူးအဖေ။ ခုဟာက သူ့ချစ်သူကိုယ်တိုင်မနေ့က ညစာစားပွဲကိုလိုက်လာတယ်”

“ဘာ မင်းပြောတာအမှန်ပဲလား”

“အဖေ့သားက အဖေ့ကိုလိမ်ပြောမယ်လို့ထင်နေတာလား”
“ဒါဆိုဘယ်သူလဲ။ အဲဒီကောင်မလေးရဲ့ချစ်သူဆိုတာ”

“သူက......”

ခွန်ထဝီက နာမည်ကိုထုတ်မပြောခင် နှာဖူးကိုလက်သည်းနဲ့ခြစ်လိုက်သေးသည်။ ပြီးမှ

“ခွန်လီလီ”

“သရုပ်ဆောင် ခွန်လီလီလား မဖြစ်နိုင်တာ”

“ဒါပေမဲ့ ဖြစ်ပြီးပြီအဖေ”

အဖေက ခဏတော့ငြိမ်သက်သွားသည်။ ပြီးမှ တစ်ခုခုကိုလေးလေးနက်နက်တွေးရင်း သက်ပြင်းချကာ

“တကယ်ပဲသူတို့ချစ်နေကြတယ်ဆိုရင် ခွန်ပီယာက အဖေတို့ကို တိုက်ရိုက်ပြောပြီးငြင်းမှာပေါ့။ ခုကစေ့စပ်ပဲပြီးပြီလေ။ သူမှမငြင်းတာ။ အဖေ့အထင်တော့ ဒီကိစ္စကအပျော်တွဲတာလောက်ပဲဖြစ်မှာပါ။ ဒီလိုလုပ်။ စေ့စပ်ပွဲကို လူသိထင်ရှားထပ်လုပ်ဖို့ အဖေစီစဉ်လိုက်မယ်။ ဒီအချိန်အတွင်းမှာကလေးမလေးကို ရင်းနှီးအောင်လုပ်ပါ။”

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now