Part-83

5.6K 723 48
                                    

Uni

“ရှီလာရေ ကိုယ့်ရဲ့ရှီလာလေး ဘာလုပ်နေလဲ”

တိုနေသော စိတ်အစုံသည် အဆောင်ခန်းထဲဝင်လာသူအပေါ် ဝုန်းခနဲပုံကျ၏။

“ဘာလုပ်ရမှာလဲ ခင်ဗျားကျုပ်ကို ဘာလုပ်ခွင့်ပေးထားလို့လဲ။ စားလိုက် သောက်လိုက် အိပ်လိုက်နဲ့ လူမွေးတာလား ဝက်မွေးထားတာလား။ ခင်ဗျားက ကျုပ်ကို အသားတိုးအောင်လုပ်ပြီး သတ်များစားမလို့လား”

ဘယ့်နှယ်။ အပြင်ထွက်မယ်ဆိုတော့လည်း ထွက်လို့တော့ရတယ် သူ မတားပါဘူးတဲ့။ ဒါပေမဲ့ တစ်လှမ်းကို တစ်ယောက် သတ်မယ်ဆိုပဲ။ ထွက်ပြေးဖို့ အကြံလေးက လိပ်ကိုရေထဲလွှတ်လိုက်သလို လျှောခနဲကိုသွားလေရော။ ဒါနဲ့ပဲ ထပ်ပြီး ကြံရစည်ရပြန်ရော။ ဟိုအထိန်းတော်လေးကို ကုန်းပိုးပေးဖို့ ပြောလိုက်တယ်။ ခြေမချရတော့လို့ သူတို့လည်း မသေတော့ဘူးပေါ့။ အကောင်စုတ်လေးက သူ့ဘုရင်ကိုကျ အတော်သိတတ်သောပဲ။ ဒီကိုယ်လုံးကို မသယ်နိုင်ပါဘူးတဲ့။ ပြောချလိုက်တာ ရက်ရက်စက်စက်။ အင်းလေ စားနေသောက်နေ အိပ်နေရုံအပြင် ပျင်းလို့မှ ဘာမှလုပ်စရာမရှိဘဲ။ ဒီအဆောင်ကျယ်ထဲမှာပဲ မဆွဲတတ်တဲ့ ပန်းချီတွေကို ကြောင်ခြစ်သလို ဟိုခြစ်ဒီခြစ်လုပ်လိုက်။ အိပ်ချင်စရာ ကဗျာတွေကို ပတ်ဖတ်လိုက်။ ဒါပဲ လုပ်စရာရှိတာပဲလေ။ ဒါပဲလုပ်နေရမှတော့ ဝိတ်တက်ပြီပေါ့။ အခုဆို ကိုယ့်ဗိုက်ကိုယ်တောင် မကြည့်ရဲ။

ရှေးခေတ်ကို မကြိုက်တာလည်း မပြောနဲ့။ ဂိမ်းလည်းမရှိ။ ဘာမှမရှိ။ အချစ်တော် အိမ်သာလည်း မရှိနဲ့။ တစ်နေ့ တစ်နေ့ စိတ်ညစ်စရာပေါင်း သောင်းခြောက်ထောင်ပဲ။ တော်သေးတာပေါ့ မုန့်အချိုလေးတွေ အရသာရှိနေသေးလို့ နို့မဟုတ်ရင် ဘာနဲ့ အသက်ဆက်ရမလဲပဲ။ အချစ်တော် ဘုရင်အစုတ်ပလုပ်ကြီးကလည်း ညီလာခံပြီးရင် ဒီကိုပြေးလာမယ်။ ညကျ လူကို ဖက်လုံးလို သဘောထားပြီး ဖျစ်ညှစ်အိပ်မယ်။ အနေမတတ်ရင် အသားယူတောင် ခံရသေးတယ်။ သူ့ရဲ့များပြားလှသော အီစီကလီမိဘုရားတွေ ဘယ်များရောက်ကုန်ကြလို့ ဒီကိုလာလဲမှ မသိတာ။ ဟွန့် ငါတွေ့တုန်းကတော့ အချစ်ရေ ကိုယ့်မိဖုရားလေး ဘာညာနဲ့ တွေးကြည့်ရင် အူတောင်ယားတယ်။ အကျင့်က အဲ့လိုမကောင်းတာ။ အစုတ်ပလုတ် ဘုရင်ကြီး။ မကောင်းဘူး မကောင်းဘူး။ တကယ် မကောင်းဘူး။

𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂𝚢𝚜𝚝𝚎𝚖 (𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍)Where stories live. Discover now