"ဘာကိစ္စလဲ"

ချီဖောင်ဝတ်ထားပြီး နှင်းဖြူရောင်တောင်ဝှေးကို ဝတ်ဆင်လျှက် လက်ထဲတွင် ထီးတစ်လက် ကိုင်ဆောင်ထားသော လင်းရှောင်ဟန်သည် တင်ပါးကို လွှဲယမ်းကာ ခြံဝင်းထဲသို့ လျှောက်လာလေ၏။ ကျိုးကျစ်ကျွင်း၏ အစောင့်ဖြစ်သည့် စစ်သားသည် ကျိုးမိသားစုဝင်တိုင်းကိုသိသည်။ သူက သူ့ခေါင်းဆောင်၏ အမျိုးသမီးကို မြင်တွေ့ချိန်၌ သူမကို အရိုအသပေးပြီးနောက် ပြောလိုက်၏။

"သခင်မ စစ်တပ်ဌာနက အရေးကြီးအချက်အလက်ပါ ဒါပေမဲ့ ဗိုလ်မှူးကျူးက"

ထိုစစ်သားသည် လက်ထဲရှိစာအိတ်ကို ဝှေ့ယမ်းပြပြီးနောက် စိတ်ဓာတ်ကျနေသော သွင်ပြင်ဖြင့် တံခါးကို ကြည့်လိုက်၏။ ဗိုလ်မှူးကျူး တစ်ခုခုမှားနေပုံရသည်။ သူက တစ်နေ့လုံး စိတ်ဓာတ်ကျနေ၏။ ကမ္ဘာပျက်ကပ် ကာလတွင် နှင်းကျခြင်းကြောင့် နစ်နာသူများကို ကယ်ဆယ်သည့် အချိန်ကတောင် ခံစားချက် သိပ်မပြခဲ့ပေ။ သို့သော် သူပြန်ရောက်သည်နှင့် အခန်းထဲသို့ဝင်ကာ သူ့ဘာသာသူ အခန်းတံခါးပိတ်နေခဲ့သည်။ ညစာစားရန်တောင် ထွက်မလာခဲ့ပေ။

"ငါ့ကိုပေးလိုက် ပြီးရင် ငါကိုယ်တိုင်သူ့ကို ဖတ်ခိုင်းလိုက်မယ်"

လင်းရှောင်ဟန်သည် ကျနစွာ ဆေးခြယ်ထားသော လက်သည်းများဖြင့် လက်ကို ဆန့်ထုတ်လျှက် သူ၏မျက်လုံးများက စိမ်းဖန့်နေ၏။ သူမတစ်စုံတစ်ခုကို အကွက်ချနေမှန်း မသိသည့်စစ်သားက သူမအား စာအိတ်လှမ်းပေးလိုက်သည်။

193 02

"ကျေးဇူးပါမမလေး"

စစ်သားက သူမကို အရိုအသေပေးပြီးနောက် လှည့်ထွက်သွား၏။ မည်သူမှ ကြည့်မနေစဉ် လင်းရှောင်ဟန်က စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ အတွင်းရှိ အချက်အလက်များကိုဖတ်ပြီးနောက် သူမသည် စာရွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ သူမ၏ မိတ်ကပ်များဖြင့် မျက်နှာက ပုံပျက်သွားတော့သည်။

"ယွင်ချဲ့က အသက်ရှင်လျှက် ရှိနေသေးတာလား။ အဲ့ဒီခွေးမ ယွင်ယောင်လည်း အသက်ရှင်လျှက် ရှိနေမှာပဲ"

လင်းရှောင်ဟန်သည် စာရွက်စာတမ်းပေါ်ရှိ ယွင်ချဲ့ဟူသည့် စကားလုံးလေး နှစ်လုံးကို စိုက်ကြည့်လျှက် သူမရင်ထဲ ဒေါသအမုန်းတရားတို့ ပြည့်သွား၏။ ထိုစဉ်က ယွင်ချဲ့သည် ယွင်ယောင်နှင့် သူမ၏သားကို ခေါ်သွားပြီးနောက် တံခါးဝရှိ ညစ်ပေနေသော သွေးများသည် ဖုတ်ကောင်တစ်ခုကို သွေးဆောင်မိခဲ့သည်။ သူတို့သည် ဖုတ်ကောင်များကို ရင်ဆိုင်တိုက်ခိုက်ရန် ရုန်းကန်ခဲ့ရ၏။ ကျိုးကျစ်ကျွင်းကသာ အချိန်မှီ ရောက်မလာခဲ့လျှင် သူတို့သေနေလောက်ပြီဖြစ်သည်။ ထိုသို့တိုင် ဖုတ်ကောင်များ ကုပ်ခြစ်တာ ခံလိုက်ရသော သူမသားကမူ ဖုတ်ကောင်ဖြစ်သွား၏။ ကျိုးကျစ်ကျွင်းကမူ သူ့ကိုကိုယ်တိုင် ရှင်းထုတ်ပစ်လိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now