"အရသာရှိတယ်"

အသားက ယွင်ချန်းအတွက် အသစ်အဆန်း မဟုတ်တော့သောကြောင့် ကြက်သားစားပြီးနောက် သူက လက်မထောင်ပြလိုက်သည်။ ရောင်စုံမျက်ကပ်မှန် ဝတ်ဆင်ထားသည့် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူသည် အသားထက် သစ်သီးကို ပိုနှစ်ခြိုက်သော်ငြား သစ်သီးမရှိတော့သောကြောင့် သူ့၌ ရွေးချယ်စရာမရှိပေ။

"ဒါဆိုထပ်စား"

လန်ယဲ့ဟန်က တောင့်တင်းသွားပြီးနောက် သူ့ကို ပန်းကန်ပေးလိုက်၏။ ပြီးနောက် ယွင်ချဲ့ကို ကြည့်လိုက်သည်။

"မင်းရဲ့စွမ်းအား နယ်မြေထဲမှာ ဘာရှိသေးလဲ"

ယွင်ချဲ့သည် အများရှေ့ ထိုအကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။ သို့သော် သူ၏စွမ်းအား နယ်မြေထဲ၌ ကောက်ပဲသီးနှံများ စိုက်ပျိုးပြီး မွေးမြူရေးတိရိစ္ဆာန်များ မွေးထားကြောင်းသိသည်။ မဟုတ်လျှင် ငါးများနှင့် ဟင်းများက စားပွဲပေါ်တွင် ပေါ်လာမှာမဟုတ်။ သို့သော် ထိုကောက်ပဲသီးနှံများနှင့် တိရိစ္ဆာန်များတွင် ထူးခြားသည့် အာနိသင် ရှိလိမ့်မည်ဟု မည်သူမှ မမှန်းဆခဲ့မိပေ။ ယွင်ချဲ့၏ စွမ်းအားနယ်မြေသည် အပြိုင်ကမ္ဘာကဲ့သို့ ဖြစ်နေ၏။

"ငါးရယ် ကြက်သားရယ် ပြီးတော့ယုန်ရယ်"

190 02

ပင်လယ်စာများနှင့် ဟင်းသီးဟင်းရွက်တို့သည် စွမ်းအားနယ်မြေမှ မဟုတ်ပေ။ သို့သော်ငြား စွမ်းအားနယ်မြေကနေ အတော်လေး ရခဲ့၏။ လန်ယဲ့ဟန်က ထရပ်ပြီးနောက် ပန်းကန်လုံးထဲ အရာအားလုံးကို ထည့်လိုက်၏။ သူပြန်ထိုင်လိုက်ချိန်တွင် ယွင်ချန်းက သူ့လက်ထဲ ကြက်ပေါင်ကို ကိုင်ထားကာ တွေ့လိုက်ရသည်။ သူကခဏတာ ရပ်တန့်ပြီးနောက် ယွင်ချန်းသည် တူကိုတောင် အသုံးမပြုနိုင်ကြောင်း သဘောပေါက်သွား၏။ ထိတ်လန့်ဖွယ် ခံစားချက်က သူ့ကိုရုတ်တရက် ဝင်တိုးသွားတော့သည်။ ယွင်ချန်းသည် ပါမောက္ခတိုင်း၏ ခွင့်ပြုချက်ကိုရသည့် တော်သော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့၏။ သို့သော် ယခုမူ သူသည် တူကိုမည်ကဲ့သို့ အသုံးပြုရမည်မှန်းတောင် မသိတော့ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Waar verhalen tot leven komen. Ontdek het nu