"ဦးဦး"

ချန်ချန်သည် သစ်သီးအနီရောင်များစားပြီး ပျော်ရွှင်နေလေရာ သူ့ဦးလေးကို တွေ့သည့်အချိန်၌ ပျော်ရွှင်စွာ ရယ်မောလိုက်၏။ သို့သော် သူထရပ်ချင်သည့် အချိန်၌ မလှုပ်နိုင်ကြောင်း သိသွားသောအခါ သဘောပေါက်သွားလေ၏။ သူ၏လေးဖင့်နေမှုကို မြင်သောအခါ ယွင်ချဲ့က လက်မြှောက်လျှက် လက်ဖျောက်တီးလိုက်သည်။ ချက်ချင်းပင် တိရိစ္ဆာန်လေးများက လူစုကွဲသွား၏။ စွမ်းအားနယ်မြေထဲ၌ သူက တစ်ဦးတည်းသော အရှင်သခင်ဖြစ်ကာ သတ္တဝါများအားလုံး သူ့ကိုနာခံရသည်။

"ဒါဘာသစ်သီးတွေလဲ အရသာကောင်းလိုက်တာ အင်း ဟေးယွီ ဒီသစ်သီးတွေက စွမ်းအင်အနည်းငယ် ပါနေတာလား"

ယွင်ချဲ့က ရုတ်တရက် မေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ သစ်သီးကို တစ်ကိုက်ကိုက်ပြီးနောက် အနည်းငယ် လှုပ်ရှားသွား၏။ သူ၏ခန္ဓာကိုယ်ထဲရှိ အထူးစွမ်းအင်များက သစ်သီးကို စားလိုက်ချိန် စီးဆင်းသွားပြီး လတ်ဆတ်သော အချိုအရသာကို ခံစားပြီးနောက် စီးဆင်းသွားတာကို ခံစားလိုက်မိကာ ယင်းက သစ်သီး၌ စွမ်းအင်များ ပါဝင်နေသောကြောင့်သာ ဖြစ်နိုင်မှန်း သိသွားသည်။

"ပါတယ်လား သူတို့တွေက စွမ်းအားနယ်မြေမှာ ပေါက်တာဆိုတော့ ပါလောက်မှာပါ။ ဒါဘယ်လို သီးသီးမျိုးလဲ မမေးနဲ့။ ငါလည်းမသိဘူး။ နာမည်ပေးရင် ပေးလိုက်လေ။ ကြိုက်တယ်ဆိုရင် တောင်ပေါ်မှာ သစ်သီးတွေကြီးပဲ"

မြေကြီးပေါ်၌ လှဲရန် ချန်ချန်အတွက် ကုရှင်အနေနှင့် ဆောင်ရွက်ပေးနေသော ဟေးယွီက ပျင်းရိစွာ ပြောလိုက်၏။ စွမ်းအားနယ်မြေထဲရှိ အရာအားလုံးနီးပါးကို စားသောက်ပြီးနောက် သူသည် သာမာန်သွင်ပြင် အနီရောင်သစ်သီးကို လေ့လာဖို့ စိတ်မဝင်စားတော့ပေ။ သူသည် ချိုမြိန်သည့် အရသာများ ကြိုက်တာကြောင့်သာ မဟုတ်လျှင် သူက ချန်ချန်ကို သစ်သီးခူးရန် နေရာများစွာသို့ ခေါ်သွားမှာမဟုတ်ပေ။

"ထားလိုက်တော့ နေ့လည်စာစားချိန် ရောက်တော့မယ်။ အပြင်ထွက်ရအောင်"

188 02

သူသည် ဟေးယွီထံကနေ အသုံးဝင်တာ ဘာမှမရနိုင်ကြောင်း မြင်သောအခါ ယွင်ချဲ့သည် အိတ်တစ်လုံးထုတ်ပြီးနောက် ချန်ချန်၏ ပေါင်ပေါ်ရှိ သစ်သီးများကို တစ်လုံးပြီးတစ်လုံး ထည့်လိုက်၏။ တချိန်ထဲတွင် သူက နောက်မှသစ်သီးများ ဆက်ခူးပြီး တောင်ပေါ်၌ အခြားသောသစ်သီး ရှိမရှိရှာရန် လာဖို့ စိတ်ပြင်ဆင်လိုက်သည်။ ယခင်က စွမ်းအားနယ်မြေထဲတွင် ထားခဲ့သော သစ်သီးများသည် ကုန်ခါနီးပြီဖြစ်ကာ သူစိုက်ပျိုးခဲ့သည့် သစ်ပင်များက ထိုမျှမြန်မြန်ဆန်ဆန် သီးနိုင်လောက်မှာမဟုတ်ပေ။ လတ်လတ်ဆတ်ဆတ် သစ်သီးများ မရှိမှာကို သူကပိုတောင် စိုးရိမ်၏။ သို့သော် အရေးကြီးဆုံးအရာက ထိုသစ်သီးများ၌ စွမ်းအင်များ ပါဝင်နေတာပဲဖြစ်သည်။ စွမ်းအင်ပမာဏက နည်းပါးလျှင်ပင် ဘာမှမရှိတာထက် ပိုကောင်း၏။ ရေရှည်စားသုံးပါက သေချာပေါက် အကျိုးဖြစ်ထွန်းပေလိမ့်မည်။ ထို့အပြင် အရသာကလည်း ကောင်းမွန်၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Wo Geschichten leben. Entdecke jetzt