"ကျုပ်တို့တွေ အလွန်အကျွံ တောင်းဆိုမှာကို မစိုးရိမ်ဘူူးလား ခေါင်းဆောင်ယွင်"

ယွင်ချဲ့သည် ကွန်တိန်နာထဲတွင် ရှိသည့်ပစ္စည်းများ ဘာမှန်း သူတို့မသိကြောင်း သိလေ၏။ သူတို့သည် စားစရာများနှင့် အဝတ်အစားများသာ ဖြစ်လောက်သည်။ ထိုအချိန်တွင် ဆားက အထူးတလည် မဟုတ်သော်ငြား ကမ္ဘာပျက်ကပ် စတင်သည်နှင့် ပိုတန်ဖိုးကြီးပြီး ရှားပါးလာ၏။ ဆားတန်တစ်ရာဖြင့် ကိစ္စရပ်များစွာကို ပြုလုပ်နိုင်၏။ အရေးကြီးဆုံးက ၎င်းသည် အလွယ်တကူ ရက်မလွန်သွားနိုင်ချေ။

"စိုးရိမ်တာပေါ့ ဒါပေမဲ့ ဗိုလ်ချုပ်မော့က ခင်ဗျားတို့ စစ်ဆင်ရေးအတွက် ဒရုန်းတွေတောင် ပို့ခဲ့တယ်ဆိုတော့ အခြေအနေကို သိပြီးသားလေ။ ကျိုးကြောင်းမသင့် တောင်းဆိုခဲ့မယ်ဆိုရင် ကျုပ်တို့ဒီနေ့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့သလို သဘောထားရုံပေါ့"

ယွင်ချဲ့က ထိုပစ္စည်းများကဘာမှန်း လူတိုင်းထက် ကောင်းကောင်းသိနေသောကြောင့် အေးအေးလူလူ တုန့်ပြန်လိုက်သည်။

"ဟုတ်ပြီ မင်းပြောတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ရိက္ခာတွေကို အရင်ဆုံး ကြည့်ရမယ်"

ဝေ့ခမ်းသည် ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သို့သော် ယွင်ချဲ့က လက်ချောင်းလေးများကို လှုပ်ခါပြီး သူ့ကို ဖယ်ချလိုက်သည်။

"ကျုပ်တို့မှာ ရိက္ခာတွေ ရှိတာပေါ့။ ဒါပေမဲ့ ခင်ဗျားကိုပြဖို့ မဖြစ်နိုင်ဘူးလေ။ ခင်ဗျားတို့ ကျုပ်ကိုယုံရင်ယုံ မယုံရင် ထွက်သွားလိုက်။ တံခါးက ဟိုမှာရှိတယ်"

သူက သေးသိမ်တာ မဟုတ်ပေ။ ရိက္ခာပမာဏ များစွာကို သူတို့ကိုပြဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် ဝေ့ခမ်းသည် အကြမ်းဖျင်း သဘောတူနိုင်ရုံလောက်သာရှိပြီး သူ့စကားကို ပြန်ရုတ်သိမ်းလောက်၏။

"မင်း"

"ခင်ဗျားစိုးရိမ်နေတယ်ဆိုရင် ချဲ့အတွက် ကျုပ်အာမခံ လုပ်ပေးနိုင်တယ်။ ဗိုလ်ချုပ်ဝေ့"

ဝေ့ခမ်းက နှောက်ယှက်ခံလိုက်ရသည်။ ရှင်းဖုန်း စတင်စကား ပြောလာသောကြောင့် သူစွံ့အသွား၏။ ချောင်ရန်သည် ရိက္ခာပမာဏ များစွာရှိမှာ သေချာ၏။ ထိပ်ဦးတွင်ရှိမှာကို သူစိုးရိမ်နေစရာ မလိုပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now