"ဟေးယွီ သူတို့တွင် ရှင်ဖုန်းရဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်ဖို့ ဆန္ဒရှိလားဆိုတာ မေးလိုက်"

အစကသူသည် ရှင်ဖုန်းအတွက် သိန်းငှက်တစ်ကောင်ကို ယဉ်ပါးအောင် ပြုလုပ်ပေးရန် စဉ်းစားခဲ့တာဖြစ်သည်။ သို့သော် ယခုအချိန်၌ သူ့၌ပိုကောင်းသည့် ရွေးချယ်မှုရှိနေပြီဖြစ်သည်။

"ငါပြောတာကြားလား တုန်ယင်နေတာ ရပ်လိုက်။ မဟုတ်ရင် မင်းတို့ကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်"

တဖန်လျစ်လျူရှု့ခံရပြီးနောက် ဟေးယွီသည် အားနည်းသူကို အနိုင်ကျင့်သည့် လူဆိုးတစ်ယောက်ပမာ လင်းယုန်နှစ်ကောင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။

"ကု"

ပိုကြီးသည့် ရွှေလင်းယုန်သည် ဒဏ်ရာရထားသည့် လင်းယုန်နား ကပ်သွားကာ ဟေးယွီကို လှည့်ကြည့်ပြီး ကုနေတော့၏။ သို့သော်ငြား မကြာမီ၌ အင်မတန် ကြောက်နေသည့်ပမာ မျက်လွှာချထားတော့သည်။

"သူတို့တွေက စုံတွဲဖြစ်ကြောင်း လင်းယုန်ကပြောတယ်။ သူတို့သေရင်တောင် တစ်ယောက်နဲ့ တစ်ယောက် မခွဲချင်ဘူးတဲ့။ နှစ်ယောက်လုံးက အဆင့်သုံးဖြစ်ပြီး အဆင့်လေး ရောက်ခါနီးပြီ။ ပိုသေးတဲ့အကောင်က အထီး ပိုသေးတဲ့အကောင်က အမ"

သူ့သခင်စိုက်ကြည့်တာ ခံရပြီးနောက် ဟေးယွီသည် သူတို့အတွက် ဘာသာပြန်ပေးရတော့သည်။ ယွင်ချယ်က သူ၏စိတ်ကိုထိန်းလျှက် အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အိမ်မွေးသားရဲနှစ်ကောင် ထားရင်ရော စိတ်ရှိမလား"

ရှင်ဖုန်းသည် လင်းယုန်နှစ်ကောင်ကို မလိုချင်ပါက သူတို့သည် ရှင်းချန်းကို တစ်ကောင်ပေးနိုင်၏။ အတူနေသည် ဖြစ်သောကြောင့် လင်းယုန်နှစ်ကောင်သည် ခွဲရမှာမဟုတ်ပေ။

"တစ်ကောင်ကမင်းအတွက် တစ်ကောင်က ငါ့အတွက်။ ဘယ်လိုထင်လဲ"

ရှင်းဖုန်းက အကြံယူလိုက်၏။

ယွင်ချယ်က ပြန်မပြောနိုင်သေးခင် ဟေးယွီက ဒေါသထွက်သွားသည်။

"ငါ့ရဲ့သခင်မှာ ငါရှိပြီးသား။ သူကနောက်ထပ် အိမ်မွေးတိရိစ္ဆာန် မလိုဘူး"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now