ယွင်ချန်း၏ကိစ္စကမူ အတော်လေး ကွဲပြားပေ၏။ သွင်ပြင်ကို အကဲဖြတ်ကြည့်လျှင် သူက အဆင့်တစ်ဆယ် ရောက်နေလောက်ပြီဖြစ်သည်။ အဆင့်တစ်ဆယ် ဖုတ်ကောင်သာလျှင် မျက်ဝန်းနီများရှိ၏။ သို့သော် သူ၏အတွင်းအားက ထိုမျှ အဆင့်မမြင့်ပေ။ သူ၏အမှန်တကယ်အဆင့်က အလွန်ဆုံးမှ အဆင့်ခြောက်တွင်သာရှိမည်။ သူသည် ရက်အနည်းငယ်အတွင်း အဆင့်ခုနှစ်သို့ တက်နိုင်သည်လော။ သို့တွင်မဟုတ် သူသည် အဆင့်ခုနှစ် အစောပိုင်းနား ကပ်နေပြီဖြစ်နိုင်၏။ လတ်တလော၌ ယွင်ချဲ့သည် သူ့အတွက် စမ်းရေများ သောက်သုံးခိုင်းခဲ့သည်။ ပြီးနောက် သူ့ကို အဆင့်သုံး သလင်းအမြုတေ ပမာဏများစွာပဲ ကျွေးခဲ့ရာ အဆင့်ခုနှစ်သို့ ချိုးဖျက်တက်ရန် ကူညီပေးနိုင်ခဲ့တာပဲဖြစ်သည်။

"မင်းရဲ့ လေဇယားကွက်မှာ ကြည့်လို့မရဘူးလား"

သူ၏လေသံထဲရှိ မသေချာမရေရာမှုကိုအာရုံခံမိပြီး ရှင်းဖုန်းက မေးလိုက်၏။ ယွင်ချဲ့က ခေါင်းခါလိုက်သည်။

"ခင်ဗျားသိတဲ့အတိုင်း သူ့ရဲ့သွင်ပြင်က အဆင့်မြင့်အတင့်ကို ရောက်နေပြီ ပြီးတော့ လေဇယားကွက်မှာ သူ့ကိုကိုယ်စားပြုတဲ့ အနီရောင်အစက်က အမြဲတမ်းကြီးနေတာ ဒါကြောင့် အနီရောင်အစက်ရဲ့ အရွယ်အစားကနေ သူ့ရဲ့အဆင့်အစစ်အမှန်ကို အပြောနိုင်ဘူး"

"ထားလိုက်တော့ အခု သေချာဖို့မှမလိုတာ တစ်ခါတလေ သူ့ကိုအပြင်ခေါ်သွားမယ် လတ်လတ်ဆတ်ဆတ်သွေးတွေကို သူစိတ်ဝင်စားမှု မရှိတော့ဘူးလားဆိုတာ ကြည့်ရတာပေါ့ စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် ငါတို့အတွက် သတင်းကောင်းပဲလေ"

ရှင်းဖုန်းက သူထိုင်အောင် ဆွဲချလိုက်ပြီးနောက် နှစ်သိမ့်လိုက်၏။ လတ်လတ်ဆတ်ဆတ် သွေးအပေါ် ယွင်ချန်း၏ ထိန်းချုပ်မရသည့် စိတ်ဆန္ဒက သူတို့အတွက် ပြဿနာတစ်ရပ် အမြဲတမ်းဖြစ်ခဲ့၏။ ၎င်းကို သူကျော်လွှားနိုင်မည်ဆိုလျှင် သူတို့၏ကိုယ်ပိုင်ဓာတ်ခွဲခန်းသည် ဖုတ်ကောင်များအပါ် သုတေသနပြုရန် ယာယီပင် ချိတ်ထားနိုင်ပြီး သလင်းအမြုတေကို စတင်လေ့လာနိုင်မှာပဲဖြစ်သည်။

"အင်း အင်း ဒါဆို ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ခြေလျင် သွားရမှာပဲလေ ချန်းနဲ့အတူ သွားရအောင်လား သူ အဲ့ဒီမှာ စိတ်ဖောက်သွားရင် ဘယ်သူမှ ရှာတွေ့မှာမဟုတ်ဘူး"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Dove le storie prendono vita. Scoprilo ora