"ဘာတွေဖြစ်ကုန်တာလဲ ဒီမှာဘာတွေ ဖြစ်နေတာလဲ"

အခြေစိုက်စခန်း၏ ကာကွယ်ရေးဝန်ကြီး ကျန့်ဝမ်ရှန်းသည် စစ်သားတစ်စုနှင့် နောက်ဆုံးတော့ရောက်လာ၏။ သူပေါ်မလာသေးခင်တွင်တောင် စိုးရိမ်ပူပန်သောအသံကို ကြားရ၏။ လမ်းပေါ်ရှိ လူအုပ်ကြီးက သူ့အတွက်လမ်းဖယ်ပေးလိုက်ရာ ဝန်ကြီးသည် သူ့လူများနှင့်အတူ လျှောက်လာသည်။ စွမ်းအားရှင်အဖွဲ့အစည်း လဲပြိုတာကို မြင်လိုက်ရချိန် သူ၏ဒူးခေါင်းများ ပျော့ခွေကုန်ပြီး သတိလစ်လုနီးပါးဖြစ်သွား၏။ ဘေးရှိလက်ထောက်က သူ့ကိုအချိန်မီသာ မထိန်းပေးထားလျှင် သူမြေကြီးပေါ် ပြုတ်ကျသွားမှာပဲဖြစ်သည်။

"မင်း ဘာတွေဖြစ်ကုန်တာလဲ"

နောက်ဆုံးတွင် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ကျန့်ဝမ်ရှန်းသည် နဖူးကို‌ကိုင်ထားလျက် တုန်ရင်နေသောလက်ဖြင့် စွမ်းအားရှင်အဖွဲ့အစည်းဥက္ကဌကို လက်ညိုးထိုးလိုက်၏။ သူ၏ရင့်ရောနေသောမျက်နှာဖြင့် ဥက္ကဌက တုန်တုန်ရင်ရင်အသံဖြင့် ဖြစ်ပျက်ခဲ့ပုံအတိအကျကို ပြောပြလိုက်၏။ အနားတွင် စွမ်းအားရှင်အားလုံး ရှိနေလေရာ သူက လှည့်ကွက်များမလုပ်ရဲဘဲ အချက်အလက်များကို အမှန်အတိုင်းသာပြောရုံ တတ်နိုင်၏။ သို့သော် သူ့စိတ်ထဲတွင်ရှိခဲ့သည့် အကြံဉာဏ်ကိုမူ ထည့်မပြောခဲ့ပေ။

"မင်း အရူး"

ကျန့်ဝမ်ရှန်းသည် သူပြောတာ နားထောင်ပြီးနောက် အသံကုန်မြင့်ကာ အော်ဟစ်လိုက်လေ၏။ သူတို့တွေက ဘယ်လိုလုပ်ရာရာစစ ထိပ်ဦးအဖွဲ့ဝင်တွေကို ရန်စရဲတာလဲ။ ထိပ်ဦးနဲ့ချောင်ယန်းကို ရန်မစဖို့ သူတို့ကို ထပ်ခါတလဲလဲပြောခဲ့တာ။ သူတို့နဲ့ တစ်ဖက်တည်းရှိဖို့ လိုတယ်လို့ပြောတာ ဒါပေမဲ့ ဘာဖြစ်သွားလဲ။ ကမ္ဘာပျက်ကပ်အသူရာက တိုက်ခိုက်ဖို့ ရွေးချယ်တဲ့အချိန် သူက မတားခဲ့တာသိသာတယ် ဒီတော့ အခုချိန်မှာ ဖိတ်စင်သွားတဲ့မးနွားနို့အတွက် ငိုနေလို့ ဘာအကျိုးးထူးမှာလဲ သေသင့်တဲ့အရူးတွေတော့ အခု‌ဒီအရှုပ်အထွေးကို ‌ဘယ်လိုဖြေရှင်းရမလဲ မသိတော့ဘူး။

"စိတ်အေးအေးထား ကျန့်ဝမ်ရှင်း ခင်ဗျား ဒီရာသီဥတုမှာ လေဖြတ်သွားဦးမယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now