"ခေါင်းဆောင် ကျွန်မတို့တွေ သူတို့ကို သွားကူညီမှာလား"

အရှင်သခင်မိန်းကလေးများ၏ အဖွဲ့ဝင်များကလည်း ဖုန်းရှင်းလန်နှင့်အတူ လူအုပ်ကြီးထဲ၌ ရပ်နေပြီး ကြောက်လန့်နေကြလေ၏။ ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် ကမ္ဘာပျက်ကပ်ပြီးနောက် မည်သူကမှ ထိုမျှမကြောက်လန့်ဖူးပေ။ သို့သော်ငြား ယခုအခေါက်တွင်မူ သူတို့အနည်းငယ် ကြောက်လန့်လာ၏။ သားရဲတစ်ကောင်နှင့် ထိပ်ဦးအဖွဲ့ထဲရှိလူတိုင်းက အလွန်သန်မာပြီး သူတို့တွေးထင်ထားသည်ထက် ပိုသန်မာ၏။

"သူတို့ကို ကူရမှာလား ဒါက သေဖို့‌တောင်းဆိုနေတာပဲ ကမ္ဘာပျက်ကပ်အသူရာက ကိစ္စချောသွားပြီ ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့ရအောင်"

ဖုန်းရှင်းလန်က စိတ်လေသွားပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်ချလိုက်တော့သည်။ ယွင်ချဲ့နှင့်မတိုက်ခိုက်သည့်သူများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဘယ်တော့မှမှာမဟုတ်ပေ။ သူ့ကြောင့် သူမလည်ပင်းညှစ်သတ်ခဲရတော့မည်ဟု အမှန်တကယ်ထင်ခဲ့ပြီး သူမစိတ်ထဲ၌ အကြောက်တရားက ရှိနေသေးစဲဖြစ်သည်။ သူမသည် ယခုအချိန်တွင် ရန်ပဲထဲ ဝင်မပါရဲရုံသာမက သူမ၏ခေါင်းဆောင် ပေးအပ်သောတာဝန်ကို ဆောင်ရွက်နိုင်ပါ့မလားဟုတောင် လေးနက်စွာ သံသရဝင်နေမိ၏။

အရှင်သခင်မိန်းကလေးများ၏ အဖွဲ့ဝင်များသည် ကျင့်ဝတ်သိက္ခာအရ ထိုသို့မလုပ်သင့်မှန်းသိသော်ငြား စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။ သူတို့ခေါင်းဆောင်ပြောတာ မှန်ပေ၏။ ကမ္ဘာပျက်ကပ်အသူရာကတောင် သူတို့အတွက် မယှဉ်နိုင်လေရာ အရှင်သခင်မိန်းကလေးများအဖွဲ့က ရှေ့တက်သွာစခဲ့လျှင် သေဖို့တောင်းဆိုရုံသာ ဖြစ်ပေလိမ့်မည်။ သူတို့ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ကမ္ဘာပျက်ကပ်အသူရာသည် သူတို့ထက် အလုံးစုံခွန်အား ပိုသန်မာသည်ဆိုတာ မငြင်းပယ်နိုင်သော အချက်ပဲဖြစ်၏။ သူတို့က ယွင်ချဲ့ပြောသည့်အချိန်တည်းက သူတို့နှုတ်ထွက်ခဲ့လျှင် သူတို့အသက်ရှင်လျက် ရှိနေနိုင်၏။ သို့သော်ငြား သူတို့က အရှုံးပေးရန် ငြင်းဆန်ခဲ့ကြ၏။ သူတို့ကိုယ်သူတို့သာ အပြစ်တင်နိုင်ပေမည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Nơi câu chuyện tồn tại. Hãy khám phá bây giờ