ယွင်ချဲ့သည် ထိုအချက်၌ တမင်တကာ ရပ်လိုက်လေ၏။ လေ့တာ့ရှန်နှင့် ချန်ဟွားနှစ်ယောက်လုံးသည် မျက်မှာထက်၌ သုန်မှုန်သည့် အမူအရာတစ်ခု

ရှိနေလေပြီး သူတို့ဝန်ခံသည်ဖြစ်စေ မဝန်ခံသည်ဖြစ်စေ ယွင်ချဲ့ပြောတာက အမှန်ပဲဖြစ်၏။ သူတို့သည် ကျန်သည့်သူများ ထိန်းချုပ်တာ မခံချင်လျှင် အခြေစိုက်စခန်းကနေ ထွက်သွားရမည်။ သို့သော် အနောက်တောင်ဒေသတစ်ခုလုံး၌ အနောက်တောင်အခြေစိုက်စခန်းထက် ပိုလုံခြုံသည့် ကျန်သည့်အခြေစိုက်စခန်းမရှိပေ။ သူတို့အားလုံး၌ ကျွေးမွေးရန် ကိုယ်ပိုင်မိသားစုများ ရှိသော်ငြား အစာသွပ်မုန့်ကို စားရန်အတွက် ကျန်သည့်သူများကို မျက်နှာချုသွေးတာမျိုး မလုပ်နိုင်ပေ။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"

"သိပ်ကိုရိုးရှင်းပါတယ် ဝမ်နဲ့ဝေ့စစ်တပ်က ကိစ္စရပ်တွေကို လှည့်စားပြီးလုပ်နေတာဆိုတော့ ကျုပ်တို့က ဗိုလ်ချုပ်မော့ အာဏာရအောင်လို့ ပွင့်ပွင့်လင်းလင်း ကူညီပေးသင့်တယ် ဒါမှ မော့စစ်တပ်က အစိုးရကို အစားထိုးနိုင်ပြီး စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်နိုင်မှာ"

ယွင်ချဲ့သည် သူတို့ကို သံသရဝင်ခိုင်းမည့်အစား ပွင့်ပွင့်လင်းလင်းပဲပြောလိုက်၏။ သို့သော်ငြား သူ၏ကိုယ်ပိုင် အကျိုးအမြတ်မျှအတွက် ပြုလုပ်တာမဟုတ်ပေ။ ယင်းက နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေပဲဖြစ်သည်။ သူတို့သည် စွမ်းအားရှင်အဖွဲ့အစည်းကို ထိန်းချုပ်ရာ၌ မော့ဝမ်းယန်ကို ‌ကူညီပေးပြီး စစ်တပ်နှင့်စွမ်းအားရှင်များကြားရှိ ‌ပေါင်းကူးတံတား ဖြစ်လာခဲ့လျှင် စွမ်းအားရှင်များက မမျှမတဆက်ဆံခံရတော့မှာမဟုတ်။ စစ်တပ်သည် သူတို့၏လူများဖြင့်သာ ဖြေရှင်းရလိမ့်မည်။ သူတို့က လိုအပ်သည့်အချိန်တွင် ပူးပေါင်းပေးမည်ဖြစ်ကာ လုပ်သင့်သည့်တာဝန်ကို လုပ်ဦးပေမည် သူတို့ ဆုံးရှုံးမှုမရှိ။ မည်သူ့ကိုမှလည်း ကပ်ဖားနေရန် မလိုအပ်တော့ပေ။ အလွန်ဆုံးမှာ သူတို့သည် မော့ဝမ်းယန်လိုအပ်သည့်အချိန်၌ အကူအညီ ကမ်းလှမ်းရန်သာဖြစ်သည်။

"ဝမ်နဲ့ဝေ့စစ်တပ်က စွမ်းအားရှင်အဖွဲ့အစည်းထဲ တိတ်တဆိတ်ဝင်ပါ‌နေပြီးသား မော့စစ်တပ်တစ်ခုပဲ ဝင်မပါသေးတာလို့ ပြောတာလား ငါတို့တွေက ဗိုလ်ချုပ်မော့အာဏာရအောင် ကူညီပေးခဲ့ရင် စွမ်းအားရှင်အဖွဲ့အစည်းထဲမှာ သုံးပိုင်းဖြစ်သွားလိမ့်မယ် ဒါပေမဲ့ ဝေ့နဲ့ဝမ်စစ်တပ်က အတူပူးပေါင်းမယ်ဆိုရင်တော့ မော့စစ်တပ်က ထိန်းချုပ်မယ့်သူ တစ်ယောက်တည်းရှိတာကြောင့် သူတို့ကို မရှုံးနိုင်ဘူးလား လက်ရှိအခြေအနေကို အကဲဖြတ်ကြည့်ရင် ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now