"နောက်ကျနေပြီမလား အစ်မ ကျွန်တော်က နေ့တိုင်း တာဝန်သွားလုပ်နေရတာ ဒဏ်ရာရတာ ဘာများထူးဆန်းလို့လဲ ကျွန်တော် သေတော့မယ့်ပုံမျိုး မပြောနဲ့လေ ကျွန်တော့်အသက်ကို ယူနိုင်တဲ့ဖုတ်ကောင်က မမွေးသေးဘူး"

ယွင်ချဲ့သည် သူ့အစ်မကို ဖက်ထားလျက် စနောက်မှုတစ်ဝက်ဖြင့် နှစ်သိမ့်လိုက်၏။

"တည်တည်နေ ငါတကယ်ပြောနေတာ"

ထိုအတိုင်း ဖြစ်နေမှန်းသိသောကြောင့် ယွင်ယောင်သည် တည်တင်းမျက်နှာထားကို တမင်တကာ ဆင်မြန်းထား၏။ သူမအကြောင်းကို ယွင်ချဲ့က ကောင်းကောင်းသိနေသောကြောင့် လူရမ်းကားပမာ ပြုမူသေးသည်။ "ဘာကြောင့် အိမ်မှာ ဒီလောက်ထိ အတည်ကြီး ဖြစ်နေမှာတုန်း။ နှစ်နာရီထိုးတော့မယ်အစ်မ ဘာကြောင့် တစ်ရေးမအိပ်တာလဲ"

"ထားလိုက်တော့.. နင့်ကိုပြောနေရင်း ငါဒေါသထွက်ပြီးသေမှာ နောင်ကျ မစ်ရှင်သွားလုပ်တဲ့အချိန် ဂရုစိုက်ရမယ် ဟုတ်ပြီလား"

"အင်းပါ အင်းပါ"

"ဒါဆို မောင်လေးတို့တွေ စကားပြောလိုက်ဦး အစ်မယာဖေးကို ရှာဖို့ အပေါ်တက်လိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် ယွင်ယောင်သည် ကျန်သည့်သူများကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားကာ အပေါ်သို့ လှည့်တက်သွားတော့၏။ မောင်နှမနှစ်ယောက်လုံးက ယွင်ချဲ့ကြောင့် ရှင်းဖုန်းအပေါ်၌ အငြိုးအတေး မရှိကြချေ။ မည်သူကမှ အရူးမဟုတ်ချေ။ ယွင်ယောင်သည် သူတို့ကို လက်ခံပြီးဖြစ်ကြောင်း လူတိုင်းမြင်နိုင်၏။ အရာအားလုံး ဘာမှ မပြောင်းလဲသွားသည့်ပမာ ပြုလုပ်ရန် သူမက အကောင်းဆုံး ကြိုးစားနေသည်။ သူမက သူမ၏မောင်လေး ယွင်ချဲ့ကို အမှန်တကယ် ဂရုစိုက်ပေး၏။

"ယွင်ယောင်က ကောင်းနေသေးတာပဲ"

ယွင်ယောင်ကို အမြဲတမ်း တန်ဖိုးထားသော ယဲ့ရှင်းချန်သည် စိတ်ရင်းအမှန်ဖြင့် သက်ပြင်းချလိုက်၏။ သူ့ဘေးရှိ ကျန်းရှန်က သဝန်တိုသွားကာ သူ့ကိုဆွဲပြီး တီးတိုးပြောလိုက်၏။

150 02

"စီနီယာ ကျွန်တော်လည်း ကောင်းတာပဲလေ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now