"ဒီတော့ အဲ့ဒါက သူလျိုတစ်ယောက် မဟုတ်ဘူးပေါ့"

"မဟုတ်ဘူး စိတ်စွမ်းအားဖုတ်ကောင်တစ်ကောင်လို့ ထင်တယ် ငါတို့တွေက မျိုးစေ့သုတေသန အဆောက်အဦးထဲမှာရှိနေတော့ ဒီနေရာမှာ ဉာဏ်အလွန်ကောင်းတဲ့သူတွေပဲ အလုပ်လုပ်တာမလား ဒီတော့ စိတ်စွမ်းအားဖုတ်ကောင်တွေ ရှိလောက်ပြီ သူတို့တွေက စိတ်ထိန်းချုပ်တာကို သိလောက်တယ် ရွှေဓာတ် ဖုတ်ကောင်တွေပဲ ရှန်ရွေကာပေးထားတဲ့ သံတံခါးကိုဖွင့်နိုင်တာက အဆင့်သုံး ဒါမှမဟုတ် အဆင့်လေး ရွှေဖုတ်ကောင်တွေက လုပ်နိုင်မှာမဟုတ်ဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ရွှေစွမ်းအားဖုတ်ကောင်တွေက စိတ်စွမ်းအားဖုတ်ကောင်တစ်ကောင်ရဲ့ စိတ်ထိန်းချုပ်ခြင်း ခံထားရတာပဲ''

ယွင်ချဲ့က ရှင်းဖုန်း၏ သံသယကို အတည်ပြုပေးလိုက်၏။ သူက ထိုလူများကို ယုံကြည်လွန်းနေတာ မဟုတ်ဘဲ ယင်းကား ယုတ္တိရှိသည့်အကြောင်းအရင်း ဖြစ်နေရုံသာဖြစ်သည်။ လက်မှတ်ရုံပွင့်သွားသည့်နောက်ဆက်တွဲ မီးများပြင်းထန်ကြောင်း အရူးတစ်ယောက်တောင် သိမြင်သည်ဖြစ်ရာ နရိုက ဤနေရာရှိလူတိုင်းကို မုန်းတည်းလွန်းသောကြောင့် သူနှင့်အတူ မသေစေချင်သ၍ ထိုအဖွင့်နေရာ ဖွင့်ထားမှာမဟုတ်ပေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် ယင်းကား မဖြစ်နိုင်ပေ။ လူအများစုသည် တာဝန်မဆောင်ရွက်စဉ်က တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းတောင် မသိထားရာ ဤကဲ့သို့ အမုန်းတရား ဖြစ်လာစရာ အကြောင်းမရှိပေ။ ထို့ကြောင့် စိတ်စွမ်းအားဖုတ်ကောင်ကသာလျှင် တစ်ခုတည်းသော အဖြေဖြစ်နေ၏။

"အရင်ဆုံး လက်မှတ်ပေါက်ကို ပိတ်ပြီး ဖုတ်ကောင်ကို ရှာရမယ်။ ပြဿနာထပ်မဖြစ်စေဖို့ သူလျှောက်မပြေးမှရမယ် မင်းအခု တိုက်ခိုက်နိုင်လား"

ရှင်းဖုန်းက ယုံကြည်သော်ငြား ယွင်ချဲ့ကို အတော်လေး စိတ်ပူပန်နေ၏။ ဆိုရလျှင် အစောတုန်းက သူ မတ်တပ်တောင် မရပ်နိုင်ခဲ့ပေ။

"အဆင့်သုံးဖုတ်ကောင်တချို့ကို ငါဖြေရှင်းနိုင်တယ်"

လေစွမ်းအား အားဖြည့်ပေးမှုဖြင့် မိုးကြိုးစွမ်းအားက အလွန်အစွမ်းထက်လာသည်။ ယွင်ချဲ့က အပြည့်အဝ ပြန်မကောင်းလျှင်တောင် အဆင့်လေးဖုတ်ကောင်များက သူ့ကို မခြိမ်းခြောက်နိုင်ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Donde viven las historias. Descúbrelo ahora