"ဖယ်ကြ ဖယ်ကြ အဲဒီခွေးကို လွဲပြောင်းပေးပါ"

စစ်သား ၃ယောက်က လူအုပ်ထဲမှ တိုးလာကာ ယွင်ချဲ့ အရှေ့တွင် ရပ်ကာ ပခုံးပေါ်တွင် ရပ်နေသော ဟေးယွီကို လက်ညှိုး ထိုးလိုက်သည်။

"ပါးစပ်ပိတ်ထား ငါ့သခင်ကိုများ ငကြောက် မှတ်နေလား ... ဒီမှာ ငါပြောလိုက်မယ် ငါ့သခင်က ရဲရင့်သတ္တိရှိတဲ့ သူကွ မင်းတို့ကို အနိုင်ပိုင်းပြီး ငိုအောင် လုပ်ပစ်လိမ့်မယ် ... သခင် သူတို့ကို စာနာစိတ် မထားဘဲ ပညာပြလိုက်ပါဉီး"

စစ်သားများမှာ သူတို့အနား မရောက်ချိန် ကတည်းက မကျေနပ်သော မျက်နှာထားနှင့် ကြည့်နေကြပြီး ဟေးယွီ ပြောသည်က ပို၍ ဆိုးဝါး သွားစေကာ စစ်သားများမှာ ဒေါသကြောင့် ပို၍ တုန်ယင် လာသည်။

"လွှဲပြောင်းပေးပါ"

စစ်သား တစ်ယောက်က ဟေးယွီကို ဒေါသတကြီး ကြည့်ကာ ကြိမ်းဝါးပြောဆို လိုက်သည်။ ယွင်ချဲ့မှာ မျက်နှာမဲ့နေပြီး နောက်ဆုံးတွင် ဟေးယွီကို ထိန်းကာ စစ်သားများကို ပြုံးပြလျက် ...

"ရဲဘော်တို့ သူ့ကို ယူသွားနိုင်ပါတယ် ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကျန်းမာရေးနဲ့ အရာရာအတွက် ဒီလို မလုပ်ကြဖို့ အကြံပေးချင်ပါတယ်"

ဟေးယွီက သူတို့အား ငရဲသို့ ပို့လိမ့်မည်ဟု ယွင်ချဲ့ တပ်အပ် ပြောနိုင်သည်။

"လွှဲ ပေး လိုက်"

ယွင်ချဲ့က ကောင်းမွန် ပေးရန် ကြိုးစားသော်လည်း စစ်သားများက လက်မခံသည့် အပြင် ပို၍ ဆိုးဝါးလာသည်။ ယွင်ချဲ့လည်း သက်ပြင်း ချလိုက်ပြီး ဟေးယွီ၏ ခြေတစ်ဖက်ကို ကိုင်ကာ စစ်သားများထံသို့ ကမ်းပေး လိုက်သည်။

"ကျုပ် သတိပေးခဲ့တယ်နော် .. တစ်ခုခုဖြစ်လာမှ ကျုပ် အဆိုးမဆိုနဲ့"

"သေပါပြီ ငါ့သခင်က ငါ့ကို သစ္စာဖောက် လိုက်တာ မယုံနိုင်စရာပဲ ကျွန်တော့်ကို စိတ်ပျက်အောင် လုပ်တယ် သခင် ကျွန်တော့်ကို မချစ်တော့ဘူး အား

သခင်၏ သစ္စာဖောက် ခံလိုက်ရသော ဟေးယွီက အင်တိုက်အားတိုက် ရုန်းကန်နေသည်။ သူ၏ အော်ငိုသံက အစုအဖွဲ့ အားလုံးကို တိတ်ဆိတ် သွားစေပြီး သူတို့စိတ်ထဲတွင် စစ်သားများ ဟေးယွီကို မြန်မြန် ခေါ်သွားရန်သာ မျှော်လင့် နေကြသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now