ကျိုးဇယ်ယွီ ထိုင်ကာရှင်းပြလိုက်သည်။ ယွင်ချဲ့အား မည်သူမှ ထိခိုက်နစ်နာ​​စေရန် မလုပ်နိုင်သည်ကို သိသော်လည်း ယွင်ချဲ့ ထိခိုက်ရမည်ကို စိုးရိမ်နေသည်။ အကယ်၍ တစ်​ယောက်​ယောက်က နစ်နာစေရန် ကြံစည်ခဲ့မည်ဆိုလျှင် သူဒုက္ခ​ရောက်လိမ့်မည်။ သို့​သော် ရှင်းဖုန်းတွင် ​တောင့်တင်း​သော ​နောက်ခံ ရှိ​နေ​သဖြင့် သူ၏ မိသားစုများနှင့်​ ပြောဆိုဆက်ဆံရန် ခက်ခဲပေလိမ့်မည်။

"အင်းပါ မင်းရုပ်ရှင်တွေ ကြည့်တာ များနေပြီ ... တကယ်လို့ သူ့မိသားစုတွေက ကန့်ကွက်ခဲ့ရင်တောင် ငါနဲ့ ဘာဆိုင်လို့လဲ ... ငါ့ကို လျှော့မတွက် စမ်းပါနဲ့ ငါ့ကောင်ရာ"

ခေါင်းကို လက်တစ်ဖက်နှင့် ​ထောက်ထားပြီး ဆိုဖာလက်တင်ပေါ်တွင် တံတောင်နှင့် မှီထားလျက် ​လှောင်​ပြောင်ဟန်နှင့် တုံ့ပြန် လိုက်သည်။ ဘာအတွက် စိုးရိမ် နေကြသည်ကို သိသော်လည်း ရှင်းဖုန်းအား လက်ခံခဲ့သည့် အချိန်မှစ၍ သူဘာကိုမျှ မကြောက်တော့သဖြင့် စိတ်ပူ​ပေးရန် မလို​တော့​ပေ။ အကယ်၍ ရှင်းဖုန်း၏ မိသားစုများ ကန့်ကွက်ခဲ့လျှင်​တောင် ​နောင်နှစ်များကြာမှ ဖြစ်လာနိုင်သဖြင့် လက်ရှိအတွက် စိုးရိမ်ရန် မလိုအပ်​ပေ။

"ကောင်းပြီ​လေ မင်းစိတ်က သေချာပြီဆိုရင် ငါတို့ မငြင်းတော့ပါဘူး။ ဒါ​ပေမယ့် မင်းအစ်မကို ဘယ်လို ပြောမလဲဆိုတာ စဉ်းစားပြီးပြီလား .. သူက မင်းကို မိန်းကလေး တစ်ယောက်နဲ့ပဲ လက်ထပ်စေချင်တာ"

ယွင်ချဲ့ ပုံစံမှာ ​ပြောင်းလဲခြင်း မရှိသဖြင့် ဘာကိုမှ ဂရုမစိုက်​ကြောင်းကို ကျိုးဇယ်ယွီ သိလိုက်သည်နှင့် ဆက်၍ မ​ပြောဆို​တော့​ပေ။ အကယ်၍ တစ်ခုခု ဖြစ်​ပေါ်လာလျှင် ထိုအရာများကို ခုခံရန် ပြင်ဆင်ထားရမည်။ ထိပ်ဉီးအဖွဲ့ဝင်များ အနေဖြင့် မည်သည်ကိုမှ မ​ကြောက်ရွံ့ကြ​ပေ။

"အင်း ... ဆရာ ရှင်းက ခန့်ညားတယ် ခန္ဓာကိုယ် တောင့်တင်းတယ်။ ပြီးတော့ ထက်မြက်တယ် ... သူ့လိုလူမျိုးကို ငါ့ရဲ့လက်​တွဲ​ဖော် အ​နေနဲ့ ရထားတယ်ဆိုရင် မမလည်း ​ဝမ်းသာမှာပါ .. ထင်ရတာပဲ"

ရုတ်တရက် ယွင်ချဲ့ မတ်မတ် ထိုင်လိုက်ပြီး ရှင်းဖုန်း၏ အားသာချက်များကို လက်ချိုး ရေတွက် ပြလိုက်သဖြင့် ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ ဆွံ့အသွားပြီး နှုတ်ခမ်းကို တွန့်ကာ ​တွေးလိုက်ကြသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now