အချက်အလက်ကို တိုက်ရိုက်ရယူရန် အတွက် ရှင်းဖုန်းက ထိုအထိ အပေးအယူ လုပ်လိမ့်မည်ကို ယွင်ချဲ့ သဘောပေါက်ထားပြီး ဖြစ်သောကြောင့် အံ့ဩဖွယ်မရှိပေ။ မလုံလောက်လျှင် တစ်ဖက်သူတို့ စိတ်ဝင်စားကြမည် မဟုတ်ပေ။ ၂၅၀ ကီလိုမှာ သူယူဆထားသော အတိုင်းအတာ တစ်ခုအတွင်း ရှိနေသော်လည်း ....

ယွင်ချဲ့လည်း ဆေးလိပ်ကိုပစ်ကာ ရှင်းဖုန်း ဘေးတွင် ရပ်လျက် ...

"ကြားတယ်မလား .. ကျုပ်တို့ရှာနေတဲ့ လူနှစ်ယောက်ကို တွေ့ရင် ဆန် ၂၅၀ကီလိုကို ခင်ဗျားတို့ရလိမ့်မယ်"

ပြောပြီးသည်နှင့် ယွင်ချဲ့ အရှေ့တွင် ဆန်အိတ် ၁၀ အိတ် စီရီစွာ ပေါ်လာခဲ့သည်။ ဆန်တစ်အိတ်လျှင် ၂၅ ကီလို အလေးချိန်ရှိပြီး ၁၀စုစုပေါင်း ၂၅၀ ကီလိုအထိ ရှိသည်။ ကျန့်ယာဖေး ၏မိဘတို့ကို ရှာဖွေရန် ကူညီပေးခြင်း ဖြစ်သောကြောင့် ထိုပမာဏမှာ အရေးမကြီးတော့ပေ။

ယွင်ချဲ့က ဆန်နှင့် အပေးအယူ လုပ်ခြင်းကြောင့် မဟုတ်ဘဲ ယွင်ချဲ့ နှင့်အတူ ရှင်းဖုန်း သည်လည်း ထိုနည်းလမ်းကို အသုံးပြုခြင်း ဖြစ်သောကြောသ့် ချူးဟောင်လင်းနှင့် ကျန်သော အဖွဲ့သားတို့ မကန့်ကွက်ကြတော့ပေ။ ထိုအထဲတွင် ကျန့်ယာဖေးက အလွန် ခံစားနေရသည်။ သူမကြောင့်သာ မဟုတ်လျှင် ရှင်းဖုန်းတို့ ထိုကဲ့သို့ လုပ်ပေးရမည် မဟုတ်သည့်အပြင် ဆန် ၂၅၀ ကီလိုကိုလည်း အလဟဿ သုံးရမည် မဟုတ်ပေ။ ကပ်ဘေး ကာကလတွင် ဆန် ၂၅၀ကီလိုမှာ အလွန် များပြားသော ပမာဏဖြစ်ပြီး သူမ သေဆုံးသွားသည့်တိုင် ဆပ်၍ မကုန်နိုင်ပေ။

"ကောင်းပြီလေ .. စာရင်းစာအုပ်တွေ ယူလာခဲ့"

ရှင်းဖုန်းတို့ကို မကျေမနပ် ဖြစ်နေသူတို့က လူတစ်ယောက်ကို လွှတ်ကာ စာအုပ်များကို သွားယူစေသည်။

"မင်းတို့က အခြားစခန်း တစ်ခုက လာကြတာလား"

လူတစ်ယောက်က စာအုပ်များ သွားယူနေစဉ် ခေါင်းဆောင်ဖြစ်သူက အရှက်မဲ့စွာ မေးမြန်းလေသည်။ လင်းကျန်းမြို့တွင် တည်ဆောက်ထားသော စခန်းတစ်ခုမှာ အနောက်တောင်ဘက် စခန်းများတွင် အကြီးမားဆုံး ဖြစ်ကြောင်း သူကြားသိထားသည်။ သူတို့က ထိုစခန်းမှရောက်လာခြင်း ဖြစ်နိုင်သည် မဟုတ်လား။ အကယ်၍ သူတို့နှင့် မိတ်ဆွေဖွဲ့ လိုက်လျှင် အရေးကိစ္စ ကြုံလာသည့်အခါ သွားရောက် ပူးပေါင်း နိုင်လိမ့်မည်ဟု ခေါင်းဆောင်က ယူဆထားသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now