"ဟင်း .... ယွင်ချဲ့က ငါ့ငယ်သားဖြစ်တဲ့ အကြောင်း သူတို့ကို ဖုန်းဆက် ပြောပြထားလိုက် .. သူတို့ပြန်မေးရင် ငါဖြေမယ်"

ရှင်းဖုန်းက ဝင်ပြော လေသဖြင့် ယွင်ချဲ့၏ လက်တိုလက်တောင်း ကောင်လေးဆိုသော နာမည်ပြောင်နှင့် အလွန် လိုက်ဖက်လှသည့် အပြင် ယွင်ချဲ့၏ အရေးပေါ် ကိစ္စရပ်များကို တုံ့ဆိုင်းခြင်းမရှိ ဖြေရှင်းရန် အမြဲတစေ အသင့်ရှိနေသည်။

'ကျွန်တော်တို့လို တစ်ကိုယ်တည်း သမားတွေကို အဖက်လုပ်ပါဉီး ဆရာရယ် .. ကျွန်တော်တို့လည်း နာကျင်မှုအစား အချစ်ခံရတာပဲပိုလိုချင်ပါတယ်လို့ !'

ထိုစကားကို ချူးဟောင်လင်း စိတ်ထဲမှ ပြောဆိုနေမိသည်။

"သေစမ်း .. သူကတော့ သူရဲ့အချစ်တွေကို အမြဲဖော်ပြ နေတော့တာပဲ .. ကျွန်တော်တို့ အတွက်လည်း နေရာပေးပါဉီး"

"မင်းဈေးကို သွားချင်တဲ့အချိန် သွားလို့ရတယ် .. ပြီးတော့ မင်းသိထားဖို့က ငါက single ပဲရှိသေးတယ်"

"ဟမ် .. ဆရာနောက်နေတာလား .. အခုထိ အစ်ကိုချဲ့နဲ့ မတွဲရသေးဘူးလား"

ချူးဟောင်လင်း အံ့အားတကြီး ပြောမိလေသည်။ သူ၏စိတ်ထဲတွင် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ အတူအိပ်စက် ပြီးကြပြီဟု ထင်ထားခဲ့သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါမှမဟုတ် ရှင်းဖုန်းက တစ်ခုခု ဆုံးရှုံးထားလို့များလား။ ချူးဟောင်လင်း တွေးတောကာ သူ၏အကြည့်မှာ ရှင်းဖုန်း၏ ပေါင်ခြံကြားသို့ ရောက်သွားလေသည်။ ချူးဟောင်လင်း၏ မှတ်ဉာဏ်အရ ရှင်းဖုန်းသည် ထိုနေရာတွင် ပြဿနာ မရှိသည်မှာ သေချာပါသည်။ သို့သော် ဘာကြောင့်များလဲ။

အတွေးကမ္ဘာမှာ အမှန်တကယ် အဆုံးမဲ့လှသည်။ ချူးဟောင်လင်း၏ မျက်လုံးထဲတွင် သနားသော အရိပ်အယောင် အနည်းငယ် ဖြစ်ပေါ်လာသည်။ ရှင်းဖုန်း၊ သနားစရာ ကောင်းသောဆရာ၊ အသက် ၂၄ နှစ်သာ ရှိသေးသော်လည်း လိင်ခံစားမှုကို ငယ်ရွယ်စဉ်ကပင် ဆုံးရှုံးခဲ့ရပြီ။ ကျန်သော နှစ်များစွာကို ဘယ်လိုများ တောင့်ခံနိုင်ပါမလဲ။ ယောက်ျားများကိုပင် မဆိုထားနှင့်၊ မိန်းကလေးများကိုပင် ရှင်းဖုန်း စိတ်မဝင်စားခဲ့သည်မှာ မထူးဆန်းတော့ပေ။ သူ ဘယ်လောက်များ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရမလဲ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now