ချန်ချန်က ဘယ်လိုလုပ်များ သူငိုတော့မည်ဟု ပြောရတာလဲ။

ယွင်ချဲ့ ဆွံ့အသွားရပြီး သူ၏ဒေါများကို အပြစ်ကင်းသော ချန်ချန် အပေါ် မပုံချလိုသောကြောင့် ချန်ချန် ခေါင်းကို အသာပုတ် လိုက်သည်။

"ဦးဦးမငိုပါဘူး ခဏစောင့်ဦးနော် စျေးကို ခေါ်သွားပေးမယ်"

"ကောင်းတယ် ဦးဦးလိမ္မာတယ်"

ချန်ချန် ခေါင်းညိတ်ကာ ယွင်ချဲ့ လက်မောင်းကို ပုတ်လျက် နှစ်သိမ့် ပေးပြီးနောက် အနောက်ပြန် လှည့်ကာ သကြားလုံးတစ်လုံး ယူထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

မကမ်းမလှမ်းတွင် အသက် ၅ နှစ် ၆ နှစ်အရွယ် အသားညိုသော ကလေးတစ်ယောက် ချန်ချန်ကို စိုက်ကြည့်နေသဖြင့် ချန်ချန်လည်း လှည့်ကြည့်ကာ သကြားလုံး စားနေလျက် ချိုသာစွာ ပြုံးပြလေသည်။ သို့သော် ထိုကလေးက မျက်နှာမဲ့ကာ လှည့်ထွက် သွားသဖြင့် ချန်ချန်လည်း ကြံရာမရ ဖြစ်သွားလေသည်။ ကလေးများသည် ထိုပုံစံအတိုင်းဟု ဆိုသော်လည်း ချန်ချန်မှာ သူတစ်ယောက်တည်း ဖြစ်သောကြောင့် ရွယ်တူ သူငယ်ချင်း တွေ့ရန် အလွန်ရှားသဖြင့် သူ့ကို မနှစ်သက်ဟန် လုပ်ပြသောကြောင့် ချန်ချန် စိတ်မကောင်း ဖြစ်သွားလေသည်။

"ဘွားဘွား သားသကြားလုံး စားချင်တယ် ... သူ့ဆီက သကြားလုံးတွေ အကုန်ယူပေး"

လှည့်ပြန်သွားသော ကလေးမှာ သက်လတ်ပိုင်း မိန်းမကြီး တစ်ယောက်အား ဂျီကျနေပုံကို ချန်ချန် မမြင်လိုက်တော့ပေ။ ထိုကလေး၏ အပြုအမူမှာ မကြာခဏ ဂျစ်တိုက်နေပုံပင်။ မဟုတ်ပါက ၅ နှစ် ၆ နှစ်အရွယ် ကလေး တစ်ယောက်က ပုံစံမပျက် လုပ်နိုင်ပါမလဲ။

"သကြားလုံး ဟုတ်လား"

ထိုကလေး လက်ညှိုး ညွှန်ရာသို့ ကြည့်လိုက်သည့်အခါ ယွင်ချဲ့ မြင်ပြီးနောက် ရုတ်တရက် မနာလို ဖြစ်သွားလေသည်။

"အမေ ဘာတွေ ကြည့်နေတာလဲ"

ထွားကျိုင်းသော ကိုယ်နှင့် အသက်နှစ်ဆယ် ဝန်းကျင် ယောကျ်ား တစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် ထိုမိန်းမကြီးက သူ့ထံ လှည့်ကြည့်ကာ ...

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now