အတိတ်ဘဝမှ သူ​တွေ့ကြုံခဲ့ ရသမျှနှင့် နားလည် သဘောပေါက်မှုများ အရဆိုလျှင် စိတ်စွမ်းရည် နိယာမ သဘောတရားများသည် သူတို့၏စွမ်းအား တိုးတက်မှု အပေါ်တွင် ဖုတ်ကောင်များ၏ အမြု​တေကို စုပ်ယူခြင်းနှင့် တိုက်ခိုက် စွမ်းရည်များကို စုပ်ယူခြင်းဟူ​သော နည်းလမ်း နှစ်မျိုးဖြင့် တိုက်ရိုက် သက်ရောက် နိုင်သည်။

ထိုနှစ်ချက်မှာ အခြေခံ အကျဆုံးဖြစ်ပြီး‌ သွေဖယ်ထား၍ မရသော အရာများဖြစ်သည်။ နောက်ပိုင်းတွင် သူတို့ စုဆောင်း ရရှိလာသော အမြု​တေများ အနက်မှ သူတို့၏စွမ်းရည် အရောင်အဆင့်နှင့် ကိုက်ညီသော အမြု​တေများကို သိမ်းဆည်းထားပြီး ကျန်​သော အမြု​တေများကို ယွင်ချန်အား အစာအဖြစ် ကျွေးရမည်။ လုပ်ငန်းစဉ်တွင် ထည့်သွင်း ထားသင့်သော အခြားတိုးတက်ရေး နည်းလမ်းများလည်း ရှိနေသေးသည်။ ဥပမာဆိုရလျှင် သန္ဓေပြောင်း တောကောင်ကြီးများ၏ အသားများကို စားသုံးခြင်းဖြစ်သည်။

သို့သော် စိတ်စွမ်းရည် နိယာမ သဘောတရား၏ စွမ်းအား အဆင့်သည် ကစားပွဲ၏ အဆင့်တိုးမြှင့်ရန် လိုအပ်သော အတွေ့အကြုံများနှင့် ထပ်တူကျသည်။ အဆင့်တစ်ခုစီတွင် အတွေ့အကြုံ နှစ်ဆရရှိနိုင်ရန် လိုအပ်ကာ အဆင့်မြင့် လာသည် နှင့်အမျှ ပို၍ခက်ခဲ လာပေလိမ့်မည်။ အဆင့် ဝ မှ အဆင့် ၁ သို့ တက်ရန်နှင့် အဆင့် ၁ မှ အဆင့် ၂ သို့ တက်ရန်မှာ မခက်ခဲပေ။ ​

ရွှေအစွမ်း နိုးထကာစ ဖြစ်​သော လုဟိုင်ရွှမ်းမှာ ၁ဝ ရက် အတွင်းတွင် အဆင့် ၂ သို့ ​ရောက်ရှိ သွား​လေသည်။ ယွင်​ယောင် သတိပြန်လည် လာပြီး​နောက်တွင် အခက်ခဲဆုံး ဖြစ်​သော ​ရေအစွမ်းမှာလည်း အဆင့်တက် လာသည်။ သို့သော်လည်း အဆင့် ၃ သို့ရောက်ရန် မလွယ်ကူလှပေ။

လက်ရှိအချိန် လင်းကျန်းမြို့တွင် အဆင့် ၃ သို့​ ရောက်​နေ​သော ဖုတ်​ကောင်များလည်း ရှိနေပြီး သူတို့ထဲမှ တစ်​​ကောင်သာလျှင် သူတို့ကို တိုက်ခိုက်နိုင်လု နီးပါးဖြစ်ခဲ့သည်။ အဆင့် ၃ ဟု မဆိုထားနှင့်၊ အဆင့် ၄ ရှိ​သော ဖုတ်​ကောင်များသည်လည်း မြို့အတွင်းတွင် မရှိဟု မ​ပြောနိုင်​ပေ။ ယခုတစ်ကြိမ်တွင် ယွင်​ယောင် ကံကောင်းသွားခဲ့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now