"ဘာ ?"

ယွင်ချဲ့ မတ်တပ် ထရပ်လိုက်သည်။ လုဟိုင်ရွှမ်းမှာ စွမ်းအား မရှိသော်လည်း တစ်ရက်ထက် တစ်ရက် ပို၍ သန်မာလာခဲ့သည်။ ဟွိုင်မြို့မှ ထွက်လာပြီး ပထမဆုံးနေ့တွင် လုဟိုင်ရွှမ်း၏ ဒဏ်ရာများမှာ သူ့ထက်ပင် ပို၍လျင်မြန်စွာ ပျောက်ကင်း လာသည်ကို ယွင်ချဲ့ သတိထားမိသည်။ လုဟိုင်ရွှမ်းမှာ စွမ်းအားပင် ပိုင်ဆိုင် လာနိုင်သည်။ အထူးသဖြင့် အလင်းစွမ်းအား နိုးထကာစ အချိန် ဖြစ်နိုင်သည်။

"ဘာတွေဖြစ်နေတာလဲ"

သူ၏အဖွဲ့သားများကို အနာတရ ဖြစ်စေသူ မည်သူ့ကိုမဆို သူသတ်ပစ် နိုင်သည်အထိ ဒေါသထွက် သွားရလေသည်။

ကျန့်ယာဖေး မှာလည်း မျက်ရည်များကို အမြန် သုတ်ပစ်နေပြီး ချက်ချင်း ပြန်မဖြေနိုင်သဖြင့် ယွင်ချဲ့လည်း ဖိအား မပေးတော့ပေ။ အချိန်အတော်ကြာမှ ကျန့်ယာဖေး မျက်ရည်များ တိတ်သွားလေသည်။

"အဲဒီနေ့မနက်က ငါတို့အားလုံး အခန်းသေးလေးတွေထဲမှာ ကိုယ်စီ အပိတ်ခံထားရတာ ... ငါတို့လည်း အပြင်ထွက်လာရော လုဟိုင်ရွှမ်းက သေနတ်နဲ့ ပစ်သတ် ခံလိုက်ရပြီလို့ စစ်သားတွေပြောပြတယ်"

"သူ့ခန္ဓာကိုယ်ကရော"

"သူတို့ပြောတာတော့ သင်္ဂြိုလ်လိုက်ပြီတဲ့"

"သင်္ဂြိုလ်လိုက်ပြီ ?"

သူတို့စကားကို ယွင်ချဲ့ မယုံပေ။ သူတို့သ င်္ဂြိုလ်မည်ဆိုလျှင် အလောင်းများ အကုန်လုံးကို တစ်ချိန်တည်းတွင် သင်္ဂြိုလ်ကြမည် ဖြစ်သည်။

"မင်းတို့ အစစ်ဆေးခံတော့ ဟိုင်ရွှမ်းမှာ စွမ်းအားမရှိဘူး ဆိုတာ ပြောလိုက်သေးလား"

"ပြောလိုက်တယ် ငါတို့ရဲ့စွမ်းအားတွေ အကြောင်း သူတို့ကို အသိပေးရမယ်လို့ နင်ပြောတယ်လေ သူတို့လည်း ငါတို့ရဲ့စွမ်းအားတွေကို မှတ်သွားကြတယ်"

ကျန့်ယာဖေး အမှန်တိုင်း ပြောပြလေသည်။

"ဟိုင်ရွှမ်း မပြောင်းသွားဘူးဆိုတာ သေချာလား .. သူတို့က စစ်သားတွေ ဟိုင်ရွှမ်း က သာမန်လူပဲလေ .. သူ့ကို ဘာလုပ်ပစ်ကြမလို့လဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now