"ဒါကနေ ရတနာတစ်မျိုး လုပ်ပြီး မိန်းကလေးတွေကို ပေးလို့ရတာပေါ့"

ယွင်ချဲ့ စနောက်ကာ မျက်လုံးမှိတ် ပြလိုက်ပြီး အမြုတေများကို ယူသွားရန် လန်ယဲ့ဟန်ကို အချက်ပြ လိုက်သည်။

"မနက်စာ စားရအောင် .. ဒါတွေကို အမြန်စခန်းရောက်မှ ရှင်းကြတာပေါ့"

"ကောင်းပြီလေ"

ရှင်းဖုန်း နက်ရှိုင်းစွာ တွေးတောနေသဖြင့် လန်ယဲ့ဟန် စကားဆက် မပြောတော့ပေ။

လင်းကျန်း မြို့မှာ မြို့ကြီး မဟုတ်သော်လည်း ပြည်နယ်နှင့် မြို့တော်တို့ ကြားရှိနေသဖြင့် အလေ့အထ မတူသော နေရာ၂ ခုကို စုပေါင်း တွေ့နိုင်သကဲ့သို့ပင် ဖြစ်နေသည်။ လင်းကျန်း မြစ်သည် မြို့ပေါ်မှ ဖြတ်သန်း စီးဆင်းနေပြီး မြစ်တစ်ဖက်ခြမ်းတွင် ဝမ်ဝမ် ပြည်နယ်ရှိနေပြီး လုံခြုံရေးစခန်းမှာလည် ထိုမြစ်ပေါ်တွင် ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဝမ်ဝမ် ပြည်နယ်မှာ ရိုးရာအိမ်လေးဖြင့် ပြည့်နှက်နေပြီး ပြီးခဲ့သော နှစ်များက ခေတ်မီ အဆောက်အအုံများ အဖြစ် ပြုပြင်တည်ဆောက် ခဲ့သော်လည်း စိုက်ပျိုးလယ်ယာမြေများ များပြားစွာ ကျန်ရှိနေသေးသည်။ ပြည်နယ်ပိုင်း၏ အကာအရံမှာ မြင့်မားသော တောင်တန်းများ ဖြစ်နေသဖြင့် ပျက်သုဉ်းကာလ ကြုံလာစဉ် ထိုတောင်တန်းများ၏ အခြေဘက်တွင် လုံခြုံရေးစခန်း ထူထောင်ခဲ့ခြင်း ဖြစ်သည်။

"အရင်ကတော့ မြစ်ကိုဖြတ်ပြီး တံတားလေးစင်း ဆောက်ထားတာ အခုဒီလို ကပ်ဘေး ဖြစ်သွားတော့ စစ်တပ်က တံတားနှစ်စင်းကို ဖောက်ခွဲ ဖြိုချလိုက်ပြီး အမှတ် ၁ နဲ့ အမှတ် ၄ တံတားပဲရှိတော့တယ် ... ငါတို့ အမှတ် ၁ တံတားနဲ့ နီးလာပြီ ဒါပေမယ့် အသက်ရှင် ကျန်ခဲ့တဲ့ သူတွေနဲ့ ဖုတ်ကောင်တွေက အဲဒီမှာ ရှိနေကြတယ်။ ပြီးတော့ အမှတ် ၁ တံတားရဲ့တစ်ဖက်ခြမ်း အဆုံးက စခန်းနဲ့လည်း အတော်ဝေးပြီး ယာဉ်ကြော ပိတ်တာတွေလည်း တော်တော်ဆိုးတယ် ... အမှတ် ၄ တံတားကတော့ ဒီကနေ အလှမ်းဝေးတဲ့ ဆင်ခြေဖုံးမှာရှိပြီး ဖုတ်ကောင်တွေလည်း အတော်နည်းတယ်။ ဒါပေမယ့် အဲဒီကိုရောက်ဖို့ အကြာကြီး သွားရဉီးမယ်။ မြို့ကိုပဲ ဖြတ်မလား ကွေ့ပတ်ပြီး သွားမလားပဲ ရွေးစရာရှိတယ် .. ကွေ့ပတ် သွားရင်တော့ နေ့လယ်စောင်း ဒါမှမဟုတ် ညနေပိုင်းထိ ကြာသွားလိမ့်မယ် အဲဒါကြောင့် မြို့ကိုဖြတ်သွားတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တယ် မင်းတို့ရော"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now