"အ... မလုပ်..မလုပ်ပါနဲ့...."

ခွေးသေတစ်ကောင်ကို တရွတ်တိုက် ဆွဲသကဲ့သို့ ထိုသူသည် အမျိုးသမီးကို လက်မှ ဆုပ်ကိုင်၍ အိမ်အနောက်ဘက်သို့ ဆွဲခေါ်သွားလေရာ ထိုအမျိုးသမီးမှာ ငိုကြွေး ငြင်းဆန်လျက် အသံမှာလည်း တုန်ယင်နေသည်။ ယွင်ချဲ့နှင့် သူ၏ အပေါင်းအပါများကို သနားစဖွယ် ကြည့်လိုက်သော်လည်း သူမ အကူအညီ မတောင်းရဲပေ။

"သေစမ်း  ကောင်မ ..."

"အ ..."

ခဏအကြာတွင် အိမ်အနောက်ဘက်မှ ယောကျ်ား၏ အော်သံနှင့် အမျိုးသမီး၏ သွေးပျက်ဖွယ် ညည်းတွား အော်ဟစ်သံတို့ကို ကြားလိုက်ရသဖြင့် ကျိုးဇယ်ယွီနှင့် အခြားသူများလည်း စားသောက်နေသည်ကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ် သွားကြလေသည်။

ကုန်လွန်ခဲ့သော ၁၀ ရက် အတွင်းတွင် ရက်စက်မှုများစွာ ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏ သနားညှာတာ ကြင်နာစိတ်များကို စွန့်လွှတ် ပစ်ခဲ့ကြသည်။ သို့သော်လည်း ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အဓမ္မပြုခြင်းတို့ကို မိမိတို့ရှေ့ တွေ့ကြုံနေရသဖြင့် သူတို့၏ သနားစိတ်နှင့် မဟုတ်မခံ စိတ်တို့ ပြန်လည်နိုးကြား လာကြသည်။ အထူးသဖြင့် မိန်းမသားများ ဖြစ်ကြသော ယွင်ယောင်နှင့် ကျန်ယာဖေး တို့၏ စိတ်က ပို၍ပြင်းထန် နေလေသည်။

"ဘာလို့မစားကြတော့တာလဲ"

ယွင်ချဲ့မှာ ဂရုမစိုက်သည့် အပြင် စားမြဲစားနေလေသည်။ ရှင်းဖုန်းနှင့် သူ၏အပေါင်းအပါများလည်း သွေးအေးအေးဖြင့်သာ ငြိမ်လျက် နေကြလေသည်။

"အစ်ကို ချဲ့ ...."

ကျိုးဇယ်ယွီနှင့် ကျန်သော သူများ၏ အကြည့်တို့တွင် တောင်းဆိုနေသော အရိပ်အယောင်များ ထင်ရှားနေသဖြင့် ယွင်ချဲ့လည်း စားသောက်နေသည်ကို ရပ်ကာ တူတစ်စုံကိုလည်း ချထားလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ဆေးလိပ် ယူထုတ်ကာ မီးညှိလိုက်ပြီး ....

"သူတို့ကို စတွေ့ကတည်းက ကူညီပေးဖို့ ပြောခဲ့ကြသေးလား"

မီးခိုးငွေ့များကြောင့် သူ၏မျက်လုံးထဲမှ ခံစားချက်တို့ကို မမြင်ရသော်လည်း အသံမှာ လွန်စွာ ပြတ်သား ကြည်လင်လျက်ပင်။ ကျိုးဇယ်ယွီနှင့် အခြားသူများမှာလည်း မချင့်မရဲ ဖြစ်သွားကြလေသည်။ ယွင်ချဲ့ စကားအမှန်ပင်၊ သူမတို့မှာ အတော်ကြာသည်တိုင် ကူညီကယ်ဆယ်ပေးရန် မပြောကြပုံမှာ ထိုလူတစ်စုကို ယွင်ချဲ့ အနိုင်မယူ နိုင်လောက်ဟု တွေးခဲ့ကြခြင်း ဖြစ်လိမ့်မည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now