"မင်း…"

ပါ​မောက္ခ ဝမ် ​ဒေါသဖြစ်ကာ မနာလိုစိတ်များလည်း ဖြစ်​ပေါ်လာပြီး သူ့၏စွမ်းအားကို အသုံးချ​လေသည်။

"အားလုံး မစိုးရိမ်ကြပါနဲ့ သူတို့မှာ သုံးယောက်ပဲရှိတာ အတူတိုက်ခိုက်ကြစို့"

"တိုက်ကြမယ် "

ရုံအတွင်းရှိသူများ စိတ်ကို အသင့်ပြင်လိုက်ပြီး ပါ​မောက္ခ ဝမ်၏ ဦးဆောင်မှု အောက်တွင် စတင်လှုပ်ရှား ကြ​လေသည်။ အများစုမှာ လူငယ်များသာဖြစ်ကာ ​ကြောက်​နေကြ​​သော်လည်း သူတို့၏ လုံခြုံ​ရေးနှင့် ပတ်သက်လျှင် သတ္တိခွန်အား အပြည့်နှင့်ပင်။

"မဆိုင်တဲ့လူတွေ ထွက်သွားကြစမ်း"

"အ.."

ရန်ပွဲမှာ ချက်ချင်း စတင်လာပြီး ကျိုးဇယ်ယွီနှင့် ကျန်​​​သော နှစ်​ယောက်ကို အလယ်တွင် ဝိုင်းထားကြ​​လေသည်။ ထိုလူတစ်စုမှာ အသက် ရန်ရှာသည် အထိ အန္တရာယ် မများ​သော​ကြောင့် ဖုတ်​ကောင်များကို ရှင်းထုတ်သကဲ့သို့ တိုက်ခိုက်ရန် မဖြစ်နိုင်​ပေ။ လူသုံး​ယောက်မှာ အထိနာ​နေပြီး အထူးသဖြင့် စွမ်းအားမရှိ​သော လုဟိုင်ရွှမ်းက ​မြေပြင်​ပေါ် လဲကျကာ ကန်​ကျောက် ခံ​နေရသည်။

"အား "

ထိုစဉ် ထူးဆန်း​သော အသံထွက်​ပေါ်လာပြီး လူအများမှာလည်း အော်ဟစ်ကာ ​မြေပြင်​ပေါ်လဲကျကုန်သည်။ ကျိုးဇယ်ယွီနှင့် ကျန်နှစ်​ယောက်မှာလည်း ရုတ်တရက် အဖြစ်​ကြောင့် အလန့်တကြား ဖြစ်သွားကြ​လေသည်။

"ထွက်သွား "

"အ ..."

ဘာဖြစ်သွားသည်ကို မသိလိုက်ရ​သေး ချိန်တွင် ​အေးစက်​သော အသံက ​မြေပြင်သို့ ထိရိုက်သွားကာ လျှပ်စီးတစ်ချက်ကလည်း ​လေထုကိုထိုးခွင်း၍ ကျ​ရောက်လာရာ လူအများ တုန်လှုပ်ကာ ​မြေပြင်​ပေါ်တွင် ဝပ်တွား​ နေကြ​လေသည်။

"ကောင်စုတ် မင်းသာ နည်းနည်း နောက်ကျရင် ငါတို့ အကုန်သေနေလောက်ပြီ"

လူအများ ထိတ်လန့်​​ နေစဉ်မှာပင် ကျိုးဇယ်ယွီ လွန်​မြောက် သွား​လေသည်။ ယွင်​ချဲ့ နှင့်အတူ ပါလာ​သော ယွင်​ယောင်မှာ ​မြေ​ပေါ်တွင် ​သွေးများ​ ပေကျံ​နေ​သော လုဟိုင်ရွှမ်း ထံသွားကူ​ပေး​လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now