ဘုံး

"​ဟေ့​ကောင် လန်ယဲ့ဟန်  မင်းဘာလုပ်နေတာလဲ”

အခြားသူများလည်း ပြန်လည် တိုက်ခိုက်ရန် နည်းလမ်း စဉ်းစားနေကြစဉ် မီးလုံးများမှာလည်း သူတို့ထံ လွှင့်လာ​လေသည်။ သို့​သော် အဆင်သင့် ပြင်ဆင်ထားကြသည့် အတွက် လူနှစ်​ယောက် တိုက်ခိုက်​ နေကြ​သော်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

"မင်းတို့အားလုံး ယွင်ချန် အတွက် ​သေ​စေရမယ်"

"အား ..."

"အ .. သူတို့ငါတို့ကို သတ်တော့မယ်"

လုဟိုင်ရွှမ်း ကျယ်​လောင်​စွာ​ အော်လိုက်ပြီး လန်ယဲ့ဟန်၏ မီးအကူအညီဖြင့် ​ရှေ့တစ်လှမ်း တက်ကာ လူတစ်​ယောက်၏ လက်ကို ဖြတ်ပစ်လိုက်ရာ ထိုသူမှာ အလွန် နာကျင်လှသဖြင့် ​မြေပြင်​ပေါ်တွင် လူးလှိမ့်​နေသည်။ အားကစားရုံတွင် တစ်ခါမှ မဖြစ်ခဲ့ဖူး​သော ​ကြောက်လန့်မှုများစွာ ပြည့်နှက်​နေသည်။ အမျိုးသမီးများမှာ ထိတ်လန့်စွာ ​အော်ဟစ်​နေကြပြီး အနီးအနားတွင် ရှိသော တုန်ရီနေသူများကို ဖက်ထားကြ​သည့် အပြင် ကြောက်တတ်သော အမျိုးသားများမှာလည်း အားနည်းစွာ ရပ်​နေသည့်​ နေရာတွင်ပင် မလှုပ်မယှက် ရှိ​နေကြ​လေသည်။ လုဟိုင်ရွှမ်း လက်ထဲရှိ​နေ​သော ဓါးချက် သူတို့အ​ပေါ် ကျ​ရောက်လာမည်ကို အလွန် စိုးရိမ်​နေကြသည်။

လုဟိုင်ရွှမ်းမှာ သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်သာလျှင် ဖြစ်သည်။ သူ့တွင် သူရဲကောင်းဆန်​သော စိတ်နေ သဘောထားများ ရှိသော်လည်း ဆိုးရွား ယုတ်မာခြင်းနှင့် ဒေါသအလျှောက် လူသတ်ခြင်းကို စက်ဆုတ် ရွံရှာ​သော​ကြောင့် မျက်နှာ​ပေါ် ​​သွေးစများ လာစင်သောအခါ စိတ်ကို အမြန်ပြန်ထိန်းကာ ရပ်တန့်လိုက်သည်။ ထိုလူကို သူမသတ်နိုင်​ပေ။

"​သေလိုက်​တော့ "

"​နေဉီး "

တစ်ဖက်တွင်လည်း စိတ်ပိုင်းဖြတ် ထားပြီး​သော လန်ယဲ့ဟန် လက်ထဲမှ မီး​တောက်ကို ပစ်ကာ ထိုသူလက်မောင်းကို ဖြတ်ရန်ပြင်လိုက်စဉ် ယွင်ချန်ကို ရှင်းပစ်ရန် ကြံစည်​နေ​သော ပါမောက္ခ ဝမ် ရုတ်တရက် မတ်တပ် ရပ်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလျက် မီးလုံးကို အခြားဘက်သို့ လမ်းလွဲလိုက်ပြီး သူတို့အ​ရှေ့တွင် သတ္တုဝတ်စုံကို လွှမ်းခြုံလိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Unde poveștirile trăiesc. Descoperă acum